part - 7

1.7K 42 0
                                    

Zaw gyi

☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၇)
-----------:•

"​​နောက်​တစ်​ပတ်​ထဲမှာ...စာ​မေးပွဲရှိတယ်​​နော်​...မင်းစာ​တွေရပြီလား.."

"ရပါပြီ...ဆရာမကလည်းကျွန်​​တော့်​ကိုကြပ်​ကြပ်​မတ်​မတ်​သင်​​ပေးတာပဲ..
ကျွန်​​တော်​အမှတ်​​​ကောင်း​ကောင်းရ​စေရပါမယ်​..."

"အဲ့ဒါဆို...တို့..​ဇေယျာ​ကျော်​တို့အိမ်​သွားအုံးမယ်​..."

"ကျွန်​​တော်​လိုက်​ပို့​ပေးမယ်​ဆရာမ..."

"မပို့ပါနဲ့​တော့....မင်းနဲ့​ဇေယျာ​ကျော်​က
တွေ့တာနဲ့...​ခွေးနဲ့​ကြောင်​လိုကိုက်​ကြတာမဟုတ်​လား..."

"အဲ့ဒါအရင်​တုန်းကပါ..ခုမဖြစ်​​တော့ပါဘူး...ကျွန်​​တော်​ကဆရာမစကားနား​ထောင်​တယ်​​လေ..."

"အဟင်း...ဟုတ်​ပါတယ်​...မင်းလိမ်​မာပြီဆိုတာ...တို့ယုံပါတယ်​...လိုက်​ပို့မှ
စိတ်​ချမ်းသာမယ်​ဆိုလည်းလိုက်​ပို့ပါ.."

"သားကမ်း..."
သူမကိုလိုက်​ပို့ဖို့...အိမ်​​ရှေ့ကွတ်​ပျစ်
ပေါ်က...ဆင်းရုံပဲရှိ​သေး...အရီးက
ကမ်းကိုလှမ်း​ခေါ်၏။
"ဖုန်းလာတယ်​..."
ဒါ...မာမီ့ဆီကဖုန်းပဲ။
မာမီနဲ့အဆက်​အသွယ်​မရတာ..
အ​တော်​ပင်​ကြာ​နေပြီမလား။
သူမကိုလည်းလိုက်​ပို့မယ်​လို့​ပြောထားသည်​​ကြောင့်​...သူမကိုကြည့်​လိုက်​​တော့...ဘာမှမဖြစ်​သလိုပြုံးပြပြီး.

"ဖုန်းသွား​ပြောပါ...တို့တစ်​​ယောက်​တည်းသွားလိုက်​ပါမယ်​..."
"ကျွန်​​တော်​..."

"​တွေ​ဝေမ​နေပါနဲ့...တို့ဘာမှမဖြစ်​ဘူး.
နားလည်​ပါတယ်​..."

"အဲ့ဒါဆို...ကျွန်​​တော့်​ကိုသွားခွင့်​ပြုပါအုံး.."
သူမကမျက်​လွှာ​လေးချကာ..အသိအမှတ်​ပြုသလိုပြ​တော့...ကမ်းလည်းဖုန်းဆီကိုခပ်​သွက်​သွက်​​ပြေးသွား၏။
"ဟဲလို...မာမီ..."
ဖုန်းကိုကိုင်​လိုက်​သလို...အပြင်​ကိုလည်းလှမ်းကဲကြည့်​​တော့...သူမမရှိ​တော့။
"သား..."

"သားကိုအဆက်​အသွယ်​မလုပ်​ပဲ..
အကြာကြီး​နေတယ်​...မာမီသားကိုမချစ်​​တော့လို့...သားကိုဘာဖြစ်​ဖြစ်​ဘယ်​လို​နေ​နေဆိုပြီးပစ်​ထားတာလား..."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now