Part - 2

2.7K 58 0
                                    

Zaw gyi

🦋မကိုချစ်​လို့မုန်းတာမလား🦋

အခန်း(၂)
וווו>

"သားရာ...အသိဥာဏ်​မရှိ...ဆုံးမသွန်​သင်​မှုမရှိတဲ့က​လေးနဲ့ရန်​ဖြစ်​ရတယ်​လို့ကွာ..."

သားဖြစ်​သူမှာ...အုပ်​ကြီးတူကမ့းစပ်​နားနှင့်​ရန်​ဖြစ်​သည်​ဆိုသည်​​ကြောင့်​...ဦး​ညွှန့်​​အောင်​လည်း​နောက်​မှသုတ်​သုတ်​ပြာပြာ​ရောက်​လာပြီး...​ပြောလိုက်​ခြင်းပင်​။

"အဲ့ဒါဆို...ခင်​ဗျားသားက...ဆုံးမသွန်​သင်​မှုရှိလို့....သူများသားသမီးကို..
လက်​ကျိုး​လောက်​တဲ့အထိညစ်​ရတာလား...အဲ့ဒါကခင်​ဗျားတို့ကအဲ့လိုလုပ်​ရမယ်​လို့...ဆုံးမသွန်​သင်​ထားတာလား.."

"ကမ်းစပ်​နား...လူကြီးကိုလူကြီးမှန်းမသိ...ရိုင်းစိုင်း​နေတဲ့မင်းကို...
ဘယ်​ဥက​ပေါက်​ဖွားတာလဲဆိုတာ..
တစ်​ကယ်​သိချင်​တယ်​..."

"ဘယ်​ဥက​ပေါက်​ဖွားတယ်​ဆိုတာ
သိ​တဲ့​နေ့ကျရင်​...ခင်​ဗျားတို့မိသားစုက
ကျုပ်​​ခြေဖဝါး​အောက်​မှာ​ရောက်​​နေလိမ့်​မယ်​..."

"​တော်​​တော့ကို​ညွန့်​...ဒီမိုက်​တိမိုက်​ကန်း​ကောင်​ကိုရှင်​မ​ပြော​တော့နဲ့...
သား​ခေါင်းက​သွေးထွက်​လွန်​လိမ့်​မယ်​.
သားကို​ခေါ်ပြီးရှင်​​ဆေးခန်းအရင်​သွား.
ကျွန်​မဒီမှာ​ပြသာနာ​ဖြေရှင်းရအုံးမယ်​.."

"လာလာသား...သွားရ​အောင်​.."
ဇေယျာ​ကျော်​တို့သားအဖထွက်​သွား​တော့...

"ကဲ...ဒါဘယ်​လိုတာဝန်​ယူမှာလဲအုပ်​ကြီး.."

"ဟ...ငါကဘယ်​လိုတာဝန်​ယူရမှာလဲ..
ပြသာနာရဲ့အရင်းအမြစ်​ကိုမှမသိ​သေးတာ..."

"သားကမ်း...ဘယ်​လိုဖြစ်​တာလဲ.."

"​ဇေယျာ​ကျော်​အရင်​ညစ်​တာဦးကြီး..
သူတို့ရှုံးလို့...ရှုံးမဲမဲပြီး..ပိန်​​သေးကို..
သူ့ခန္ဓာကိုယ်​နဲ့တိုက်​လှဲ​တာ...အဲ့ဒါနဲ့.
ကျွန်​​တော်​မခံနိုင်​လို့အဲ့​ကောင်​ကိုပြန်​​ဆော်​တာ..."

"ဟဲ့...ငါ့သားလိုသားလိမ်​မာ​လေးက..
ဒီ​လောက်​ဖြူစင်​တာ..သူများကိုညစ်​မှာမဟုတ်​ဘူး...ကစားရင်​အ​တော်​တဆဖြစ်​တာကို...သက်​သက်​ကစားသမားစိတ်​ဓာတ်​မရှိတာ..."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now