Part - 27

1.3K 33 0
                                    

Zaw gyi

❦ မကိုချစ်​လို့ မုန်းတာမလား ❦

အခန်း(၂၇)
~~~~~~•★ ★ ★

ကားထဲမှာလူသုံး​ယောက်​ရှိတာကိုပင်
တိတ်​ဆိတ်​​နေကြသည်​က..
အ​ကြောင်းကိုယ်​စီ​ဖြင့်​အ​တွေးကိုယ်​စီ​တွေး​နေကြသည်​​ကြောင့်​ပင်​။
ဒွိရဲ့ခြံဝန်း​လေးထဲ​ရောက်​သွားသည်​ထိ ​ကျောက်​ရုပ်​တရုပ်​လိုငြိမ်​သက်​ဆဲရှိ​နေသည့်​ဒွိ။
"​မ...အိမ်​​ရောက်​​ပြီ..."
ကမ်းကကား​ပေါ်မှဆင်းလိုက်​ပြီးဒွိရှိရာဘက်​ကိုအ​ပြေး​လေးသွားကာ ကားတံခါးဖွင့်​ပြီးသတိ​ပေး၏။
ထိုအခါမှ...ကား​ပေါ်ကဆင်းလာသည့်​ဒွိမှာ...​အေးတိ​အေးစက်​နိုင်​လွန်းလှသည်​။
ရှေ့ကဦး​ဆောင်​ပြီးသွားတဲ့
ရေလှိုင်းကိုယ်​တိုင်​ရဲ့မျက်​နှာမှာပင်​...ရုပ်​ပျက်​ဆင်းပျက်​နိုင်​လှစွာပျက်​​ယွင်း​နေသည်​မဟုတ်​​သော်​လည်း....ဝမ်းနည်းရိပ်​​တွေယှက်​သန်း​နေသည်​ကိုသတိထားလျှင်​​တွေ့နိုင်​သည်​။
"သမီး..."
အိမ်​​ထဲဝင်​လိုက်​သည်​နှင့်​​မေ​မေက...ဒွိရဲ့ကိုယ်​​လေးကို
ကျစ်​လစ်​စွာဖက်​လိုက်​​ပေမယ့်
ဒွိမှာအသက်​မဲ့​နေတဲ့ခန္ဓာကိုယ်​​လိုပင်​။
"သမီး​လေးရယ်​..."
ထိုအသံက နှ​မျှောတသံ​ပင်​။
ဒွိရဲ့ပခုံး​လေးကိုဖက်​ပြီးဧည့်​ခန်းဆီဝင်​လာရာ...ဧည့်​ခန်းထဲမှာရှိ​နေတဲ့ချိန်း​နေက ကမ်းကိုလုပ်​မည်​တကဲကဲဖြစ်​သည်​​ကြောင့်​...​ရေလှိုင်းနဲ့​မေ​မေတားကာမှ...မျက်​နှာပျက်​ယွင်းစွာဆိုဖာမှာပြန်​ထိုင်​၏။
"ကျွန်​​တော်​..ဒွိကိုပြန်​လာအပ်​တာပါ​ဒေါ်​ဒေါ်...မငယ်​မလာနိုင်​တာက​တော့...
သူ့ခင်​ပွန်​​ဟောင်း​ဆေးရုံတင်​ထားရလို့ပါ..."

"ရပါတယ်​ကွယ်​..."
"ကမ်းနားနဲ့ဒွိရဲ့မင်္ဂလာပွဲကို
အန်​တီတို့ဖြစ်​​စေချင်​တဲ့အတိုင်း​ပြောပါ
ကျွန်​​တော်​တို့ဘက်​က
အကုန်​လိုက်​​လျော​ပေးပါမယ်​"
မင်္ဂလာပွဲဆိုသည့်​စကား​ကြောင့်​ဒွိဆီမှစိမ်းသက်​သက်​အကြည့်​​တွေက ​ရေလှိုင်းထံကို​ရွေ့လျားလာတာကို​ရေလှိုင်းသတိထားမိသလို..ရင်​ထဲမှာအလိုအ​လျောက်​ဖြစ်​သွားသည့်​တစ်​စို့စို့​ဝေဒနာတစ်​ခု။
"သမီး​လေးရဲ့ဆန္ဒကို​မေးပါရ​စေအုံး..."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now