Part -34

1.5K 29 0
                                    

Zaw gyi

❦ မကိုချစ်​လို့ မုန်းတာမလား ❦

အခန်း(၃၄)
~~~~~~•★ ★ ★

"ဒွိ.."
ဒွိ​နောက်​ကိုအမြန်​​​ပြေးလိုက်​ပြီး..လက်​ကိုဖျက်​ကနဲဆွဲဖမ်း​တော့....ဒွိလက်​ကိုရုန်းထွက်​ဖို့ကြိုးစား​ပေမယ့်​သူကခပ်​တင်းတင်းဆုပ်​ကိုင်​ထားတာ။
"ဒွိဘာလုပ်​တာလဲ..."

"တက္ကစီငှါးပြန်​မလို့.."

"ဒွိဘာဖြစ်​တာလဲကျွန်​​တော်​နားမလည်​ဘူး"

သူ့လုပ်​ရပ်​ကိုမှန်​တယ်​ထင်​တာလား။
ဝမ်းနည်းစိတ်​​ကြောင့်​ဝဲတက်​လာတဲ့မျက်​ရည်​​တွေကို..​ခေါင်း​လေး​မော့ကာ
ထိန်းလိုက်​ရင်း...
"ရှင့်​ကိုရှင်​အထင်​ကြီးလွန်းမ​နေဘူးလား
ကိုဒီ​ရေလှိုင်း
ဒီအ​ခြေအ​နေထိ​တောင်​​ရောက်​​နေပြီ
ဒွိရှင့်​ကိုပြန်​မလိုချင်​​တော့ပါဘူး.."

"ကျွန်​​တော်​​ပြောတာကအဲ့လိုသ​ဘောမဟုတ်​ပါဘူး
ဒွိစိတ်​လွတ်​ကိုယ်​လွတ်​​နဲ့​နေ​ရ​စေချင်​ယုံ
ဒွိအတွက်​​အကျဉ်းအကျပ်​မဖြစ်​​စေချင်​ယုံပါပဲ.."

"အဟင်း...ဒွိအတွက်​တဲ့လား..
ဒွိအတွက်​​တွေး​ပေးလို့
ကျေးဇူးတင်​ပါတယ်​ကို​ရေလှိုင်း
ဒွိဘာသာပဲတက္ကစီငှါးသွား​တော့မယ်
အဲ့ဒါက..ဒွိအတွက်​စိတ်​​သက်​​တောင့်​သက်​သာပိုဖြစ်​တယ်​.."
ထိုအထိတိုင်​...သူက..ဒွိရဲ့လက်​ကိုကိုင်​ထားဆဲဖစ်​သည်​​ကြောင့်​..
"ရှင်​..ဒွိရဲ့လက်​ကိုဒီတိုင်းကိုင်​ထားတာ
တစ်​စုံတစ်​​ယောက်​သာမြင်​သွားရင်
ကမ်းသိသွား​လောက်​မလား "
ထိုအခါမှဖျက်​ကနဲလွှတ်​​ပေးပြီး..
"ကမ်းနားကမင်းကိုဂရုတစိုက်​ပို့​ပေးဖို့မှာသွားတယ်​"

"ရှင်​​ပြောကြည့်​..
ခုနရှင်​​ပြောခဲ့တဲ့စကားက
ဒွိအတွက်​လား
ဒါမှမဟုတ်​ကမ်းစပ်​နားအတွက်​​တွေး​ပေးတာလား.."

ဘာစကားတစ်​ခွန်းမှမပြန်​ဘဲနှုတ်​ဆိတ်​သွားတာက...ကမ်းစပ်​နားအတွက်​ပဲဆိုတာကိုဝန်​ခံခြင်းသ​ဘောပဲဖြစ်​ဟန်​တူသည်​။
ဒွိမျက်​လုံး​တွေကိုစုံမှိတ်​ချ​ပစ်​ရင်း..
သက်​​ပြင်းဖွဖွချလိုက်​ကာ..
"အဲ့ဒီကိစ္စဖြစ်​ပြီးသွားကတည်းက
ဒွိနဲ့ရှင်​စကား​သေချာမ​ပြောဖြစ်​ကြခဲ့ဘူး
ဒီ​နေ့ ဒွိတို့ပြတ်​ပြတ်​သားသား​ပြောသင့်​ပြီ
ရှင်​နဲ့ဒ်ွိရဲ့ကိစ္စကိုရှင်​မ​ဖြေရှင်းခဲ့ဘဲ
ကမ်းစပ်​နားဆီကို​ ​ရော့အင့်​ဆိုပြီး
ပေးပစ်​ပတည်းက
ရှင်​ကျွန်​မကိုတစ်​ကယ်​မချစ်​ခဲ့လို့ပဲကို​ရေလှိုင်း
ရှင်​..အဲ့ဒီကိစ္စ​တွေမတိုင်​ခင်​ကတည်းက ဒွိကို
ကမ်းစပ်​နားဆီ​ပေးပစ်​ဖို့
ကြံစည်​​ကောင်းကြံစည်​ခဲ့ဖူးမှာပဲ.."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now