Part - 12

1.4K 39 0
                                    

Zaw gyi

☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၁၂)
-----------:•

"မာမီ...."
ဝှီးချဲလ်​နဲ့အတူလဲကျ​နေတဲ့မာမီ့ကိုကမ်းထူ​ပေးလိုက်​၏။
ပြီး​တော့ မာမီ့​ယောကျာ်း​ ဦးခမ်းနားရဲ့အင်္ကျီစကိုဆွဲကာ မျက်​နှာကိုထိုးဖို့ရွယ်​လိုက်​ရာ

"သား...ကမ်းနား...​တော်​စမ်း ခုလွှတ်​ "

"မာမီ့ကိုဒီလူယုတ်​မာက ဒီ​လောက်​လုပ်​တာ​တောင်​ မာမီကသည်းခံ​နေ​စေချင်​တာလား  သားမှာခန္တီပါရမီမပြည့်​စုံဘူးမာမီ "
ကမ်း​နောက်​မှ ဒီဒီကလည်း ထပ်​ကြပ်​မကွာလိုက်​ပါလာ၏။

"အဲ့ဒါသား​အ​ဖေ​ဆိုတာကိုသားသတိရပါအုံး မိဘကိုပြစ်​မှားရင်​ အပြစ်​အရမ်းကြီးတယ်​ မာမီ့သားကိုအပြစ်​ကြီးလုပ်​ဖို့မာမီခွင့်​မပြုဘူး..."

ထိုအခါမှ အင်္ကျီစကိုဆွဲထားတဲ့လက်​နှင့်​ဒက်​ဒီမျက်​နှာအားချိန်​မိုးထားတဲ့လက်​ကိုမ​ကျေနပ်​စွာချလိုက်​ပြီး
"ခင်​ဗျားပြန်​လိုက်​​တော့​ဦးခမ်းနား "

"ခွပ်​ "
"ဦး..."
ကမ်းလက်​ကဖယ်​သွား​ပေ​မယ့်​ ကမ်း​နောက်​ကဒီဒီက ပင်​ဖျက်​ကနဲထိုးပစ်​လိုက်​​တော့ ဒက်​ဒီချာကနဲယိုင်​သွား၏။
ပြီး​တော့...နှုတ်​ခမ်းစပ်​မှ ​သွေး​စ​တွေပင်​ထွက်​လာပြီ။
"​ရေလှိုင်း "
နွေးငယ် ​ရေလှိုင်းရဲ့နာမည်​ကို​ရေရွတ်​​အော်​​ခေါ်ရာ ​ရေလှိုင်းက မထီသလိုဟန်​နှင့်​ ​နွေးငယ်​ဘက်​ကိုလှည့်​ကြည့်​လာပြီး..

"ကမ်းနားက အ​ဖေဖြစ်​​နေလို့ဆိုတဲ့အ​ကြောင်းပြချက်​​ကြောင့်​ ကိုကြီးခမ်းနားကိုဆုံးမမရဘူးမဟုတ်​လား အဲ့ဒီ​တော့
အသိတရားဝင်​​အောင်​ ကျွန်​​တော်​ပဲဆုံးမသင့်​ပြီထင်​လို့ဆုံးမလိုက်​တာ "

"ကမ်းနား...ဒက်​ဒီအဲ့​လောက်​ဖြစ်​ဖို့မရည်​ရွယ်​ပါဘူး  ဒက်​ဒီ့ကိုစိတ်​မဆိုးပါနဲ့
ဒက်​ဒီ​တောင်းပန်​ပါတယ်​ "
ထိုစကား​ကြောင့်​ ကမ်းမဲ့ကနဲပြုံးလိုက်​မိသည်​။
တောင်းပန်​တယ်​တဲ့လား။
မာမီ့ရဲ့စိတ်​နဲ့ကိုယ်​ကိုနာကျင်​​အောင်​လုပ်​ပြီးမှာ အဲ့​လောက်​ဖြစ်​ဖို့မရည်​ရွယ်​ပါဘူးတဲ့လား။
ဒက်​ဒီရဲ့​ဘေးနားက ဒီဒီနဲ့ရွယ်​တူမိန်းမပျိုက ဒက်​ဒီ့ရဲ့မယားငယ်​ပဲဖြစ်​ဟန်​တူပါသည်​။
ထိုမိန်းမကိုကမ်းကြည့်​မိလိုက်​သည့်​တစ်​ချက်​တိုင်းမျက်​ဝန်း​တွေကတစ်​ဆယ့်​ရယ်​မြူးရိပ်​​တွေလို​ဖော်​ပြ​နေ​တော့ ကမ်းလည်း ဒက်​ဒီ့ကိုအရွဲ့တိုက်​သည့်​နှင့်
ထိုမိန်းမကိုစူးစိုက်​ကြည့်​ပစ်​၏။
"ဦး အဲ့ဒါဦးရဲ့သားလား ငယ်​​လေးကိုမိတ်​ဆက်​​ပေးအုံး​လေ "
ဒက်​ဒီရဲ့လက်​​မောင်းကိုမှီနွဲ့ကာ ချွဲသဟန်​ပြု​နေသည့်​မိန်းမကို ကမ်းတစ်​စစီဆုပ်​ဖြဲပစ်​ချင်​သည်​။
"ဒါ ဦးရဲ့သား ကမ်းစပ်​နားငယ်​​လေး "

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now