Part - 4

1.9K 47 0
                                    

Zaw gyi

🦋မကိုချစ်​လို့မုန်းတာမလား🦋

အခန်း(၄)
_________•

ကျဲကျဲ​တောက်​ပူ​လောင်​​နေတဲ့​နေ​ရောင်​​အောက်​မှာ...​ပေါက်​ပြားကိုင်​ကာ..
မြတ်​ပင်​​တွေကို​ပေါက်​​နေရတဲ့ကမ်း။
ချွေး​တွေကဒီးဒီးကျ​နေသလို...ဖြူနု​နေတဲ့ပါး​လေးက...​နေ​ရောင်​​ကြောင့်​...
ရဲချိတ်​​နေ၏။
ပေါက်​ပြား​ပေါက်​ရသည်​​ကြောင့်​...
လက်​မှာက...အ​ရေးပြား​တွေပင်​​ပေါက်​ပြဲ​နေပြီ။
ကမ်း...​ပေါက်​ပြားကိုခဏ​ထောင်​ကာ...
လက်​ကိုတစ်ဖျက်​ဖျက်​ခါသလို..ပူလွန်းသည်​​ကြောင့်​...ပါးစပ်​မှ​လည်း​လေမှုတ်​ထုတ်​​နေ၏။
ကမ်းရဲ့ဖြစ်​ပျက်​မှုတိုင်းကို...မြင်​ကွင်းတစ်​ခုမှ...တစ်​​ယောက်​​ယောက်​ကကြည့်​​နေသ​ယောင်​စိတ်​ထင့်​သွားရသည်​​ကြောင့်​...​​ကျောင်းဘက်​ကိုလှမ်း​မျှော်​ကြည့်​​တော့...ဖြူလွှလွှအရိပ်​က​လေးက..
ဖျက်​ကနဲ​ပျောက်​သွားသည်​ကိုသာမြင်​လိုက်​ရသည်​​ကြောင့်​...ဒါ..ထိုမိန်းမပင်​ဖြစ်​မည်​ဆိုတာကမ်း​တွေးမိ၏။
အဲ့ဒီမိန်းမက...ကမ်းကို..​လှောင်​​ပြောင်​တဲ့အကြည့်​​တွေနဲ့များကြည့်​​နေတာလား...။
ဘယ်​လိုအကြည့်​မျိုးနဲ့ပဲကြည့်​ကြည့်​..
ကမ်းပင်​ပန်းပြီး...မလုပ်​နိုင်​တာမြင်​ရလျှင်​..ထိုမိန်းမကကဲ့ရဲ့ရှုံ့ချ​ပေအုံးမည်​မဟုတ်​လား။
အဲ့လိုမျိုး​တော့...အဲ့မိန်းမအထင်​​သေးတာမခံနိုင်​ပါ။
ပေါက်​ပြားကိုပြန်​ကိုင်​ကာ..​.လက်​က
ပေါက်​ပြဲနာ​နေ​ပေမယ့်​...​ယောကျာ်းမာနနှင့်​...မြက်​​ပင်​​တွေကိုဆက်​​ပေါက်​​နေလျက်​။
~~~~~~~~~~~~~~~~~~•**
"ကမ်းစပ်​နား..."
ခပ်​​သေး​သေးအသံ​လေးက...​ဒေါသသံအလျဉ်းမပါဘဲ...နူးညံ့​နေတာ။
ပေါက်​ပြားကို​ထောင်​လိုက်​ပြီး...​နောက်​ပြန်​လှည့်ုကြည့်​လိုက်​​တော့...ထိုအသံပိုင်​ရှင်​ဟာ...​ဒေါ်မုဒွိသဏ္ဍန်​ တဲ့လား။
"ကျွန်​​တော်​...နားကြားမှားတာ​တော့မဟုတ်​ပါဘူး​နော်​..."
"အဟင်း....မမှားပါဘူး..."
ပြုံးပြပြီးချိုမြမြအသံ​လေးနဲ့သူမရဲ့လက်​ထဲမှာ...​ရေဗူး​လေးကိုင်​လာတာ။
ထိုပုံရိပ်​​လေးက...ကမ်းရဲ့ရင်​ထဲ...လှိုက်​ကနဲရင်​ခုန်​မိတာ။
"​တို့...ဆရာမကြီးကို​ပြောပြီးပြီ...မင်းနားလို့ရပြီ...​ရော့.."
ရေဘူးကိုကမ်း​ပေးရင်း...​ကောင်​​လေးကိုကြည့်​​တော့...ဖြူနုတဲ့မျက်​နှာပြင်​က.
နီရဲ​နေသည်​က...​သွေး​ကြောမျှင်​​လေး​တွေပင်​​ပေါ်​နေသလို...​ချွေး​တွေကလည်းစိုရွှဲ​နေတာ...။
ရှေ့​တိုးကာ....​ကောင်​​လေးမျက်​နှာမှ​ချွေး​တွေကို..လက်​ထဲမှာအသင့်​ပါလာတဲ့ပုဝါ​လေးဖြင့်​...သုပ်​​ပေးဖို့ရွယ်​​တော့...
"​နေပါ​စေ....ကျွန်​​တော့်​ဘာသာသုတ်​လို်​က်​မယ်​..."
"ဟုတ်​ပါပြီ...အဲ့ဒါ​ဆိုလည်း​ရော့..."
ပုဝါကို...သူ့လက်​ထဲ​ပေးလိုက်​တယ်​ဆိုလျှင်​ပဲ...ထိုပုဝါဖြင့်​...သူ့မျက်​နှာပြင်​ကိုသုပ်​လိုက်​သလို...
"ပုဝါက​တော့ညစ်​​ပေသွားပြီ...အသစ်​ပြန်​ဝယ်​​ပေးရမလား..."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now