Part - 18

1.3K 39 0
                                    

Zaw gyi

☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၁၈)

"ကမ်းစပ်​နား...မင်း..မင်းဘာလုပ်​ဖို့ကြိုးစား​နေတာလဲ...​ရှေ့ကိုတိုးမလာနဲ့​နော်​"
ပြော​နေသည့်​ကြားက​ခြေလှမ်းတစ်​လှမ်းတိုးလာ​ရာ ပိုပြီးနီးကပ်​သွားရပြီး..
"ကမ်းစပ်​နား..."

"​coffee​ပေသွားတဲ့ကျွန်​​တော့်​အကျင်္ီ​တွေအစားခင်​ဗျားပြန်​ယူလာခဲ့​ပေး...အချိန်​အကြာကြီးမယူနဲ့...ကျွန်​​တော်​ကဒီတိုင်းအင်္ကျီမပါပဲ​နေ​နေရမှာ.."

ထိုသို့​ပြော​နေသည့်​တိုင်​​အောင်​ ​ဒေါ်မုဒွိသဏ္ဍန်​ ကတုပ်​တုပ်​မျှမလှုပ်​ပဲရှိ​နေ​လေရဲ့။

"ခင်​ဗျား...ကျွန်​​တော့်​စကားကိုနားမ​ထောင်​ရင်​...ဒီဒီ့ကိုတိုင်​မယ်​ "

"မင်း...ကို့ကိုစိတ်​ဒုက္ခသွားမ​ပေးနဲ့​.."

"အဲ့ဒါဆို...ခင်​​ဗျား..ကျွန်​​တော်​ခိုင်းတဲ့အတိုင်းသွား​လေ...မြန်​မြန်​သွား​တော့
တစ်​​ယောက်​​ယောက်​မ​တော်​တဆဝင်​လာလို့​တွေ့သွားရင်​ ကျွန်​​တော့်​ရဲ့အရှိန်​အဝါ​တွေပျက်​စီးသွားလိမ့်​မယ်​ "

သူကပဲအရှိန်​အဝါပျက်​စီးရမှာဆိုးတယ်​တဲ့လား။
အဲ့ဒါဆို ဒွိရဲ့ကိုယ်​ကျင့်​သိက္ခာက​ရော။
ဒါမှမဟုတ်​ ဒွိကိုတန်​ဖိုးမရှိဘူးလို့ပဲဆိုလိုတာပင်​လား။
အမျိုးမျိုး​တွေးပြီး ပြန်​​စောဒကတက်​ဖို့ကြံလိုက်​​ပေမယ့်​...ကမ်းစပ်​နားကတစ်​ခုခုကိုထပ်​​တွေးလိုက်​ဟန်​ဖြင့်​ရှိ​နေလျက်​.
"ဒါမှမဟုတ်​...ခင်​ဗျား..ကျွန်​​တော့်​ရဲ့ဒီပုံစံကိုမြင်​​နေရတာသ​ဘောကျလို့လား "
သူ့ရဲ့အ​မြှောင်းလိုက်​ထ​နေတဲ့six packs​တွေကို​လက်​ညိုးဖြင့်​ပြန်​​ကွေး​ထောက်​ပြလာ​တော့မျက်​ဝန်းအစုံပြူးသွားရသလို ဂျက်​ကပ်​နဲ့ရှပ်​အင်္ကျီကိုယူပြီးအခန်းထဲမှထွက်​လာခဲ့၏။
~~~~~~~~~~~~~~~~~~•**
ဝင်​လိုက်​ထွက်​လိုက်​တက်​လိုက်​ဆင်းလိုက်​ဖြင့်​ရှိ​နေတဲ့ဒွိကို ခုအင်္ကျီ​တွေယူလာပြီး ထွက်​လာပြန်​​တော့ ဝန်​ထမ်း​တွေရဲ့မျက်​လုံးအကြည့်​​တွေက စု​ဝေး​ရောက်​လာပြန်​ရင်း...

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Tahanan ng mga kuwento. Tumuklas ngayon