Part - 21

1.2K 38 0
                                    

Zaw gyi

💞 မကိုချစ်​လို့ မုန်းတာမလား 💞

အခန်း(၂၁)
~~~~~~•!!!

"သမီး...​ပြန်​လာတာ​နောက်​ကျလိုက်​တာသမီးရယ်​...အချိန်​လည်းကြည့်​အုံး
9နာရီခွဲ​နေပြီ...ချိန်း​နေ​တောင်​အိပ်​​နေပြီ..
ရေလှိုင်းကဘာလို့လိုက်​မပို့တာလဲ.."

Taxiငှါးပြီးပြန်​လာတဲ့ဒွိကို..အ​ချောသတ်​​ဆေးသုတ်​ထားတဲ့သစ်​သားခုံ​လေးမှာထိုင်​ပြီး.ပုတီးစိပ်​​နေတဲ့​မေ​မေက ပုတီးစိပ်​တာကိုရပ်​ကာ​မေးသည်​။
အ​ဖြေစကားမပြန်​နိုင်​ဘဲ...​​မေ​မေ့ကိုငိုမဲ့​နေတဲ့မျက်​နှာအ​နေအထားနဲ့ရှူတည်​တည်​ကြည့်​ပြီးကာမှ...​မေ​မေ့ရင်​ခွင်​ထဲအတင်းတိုးဝင်​ဖက်​ကာ...ရှိုက်​ကြီးတငင်​ငိုချပါ​တော့သည်​။
"​မေ​မေ့....အဟီး..ဟီး..."

"သမီး...ဘာဖြစ်​လာတာလဲ...​​ရေလှိုင်းနဲ့ဘာဖြစ်​ခဲ့လို့လဲ..."
ဒွိရဲ့​ခန္ဓာကိုယ်​​လေးကိုသိမ်းကျုံးဖက်​ရင်း
မေးခွန်းထပ်​​မေးလာသည့်​​မေ​မေ။

"​မေ​မေ...​ကို​ရေလှိုင်းသမီးကိုမချစ်​ဘူး..
အဟီး...ဟီး..သူ့စိတ်​ထဲမှာသမီးမရှိဘူး"

"မဟုတ်​တာသမီးရယ်​...ဘာပြသာနာဖြစ်​လာလို့လဲ..ပြသာနာဖြစ်​တာကစိတ်​အခန့်​မသင့်​လို့မလား...အဲ့ဒါကိုမချစ်​ဘူးလို့မယူဆပါနဲ့သမီးရယ်​..."
ကျော​လေးကိုပွတ်သပ်​ကာ...နားချလာ​ပေမယ့်​...ဒွိမ​ဖြေသိမ့်​နိုင်​ပဲ...​မေ​မေ့ရင်​ခွင်​ထဲမှာ တရှိုက်​ရှိုက်​နှင့်​ငို​နေ​သေး၏။

"သူက...ကမ်းစပ်​နားကိုချစ်​တာ..
ဘာလုပ်​လုပ်​ကမ်းစပ်​နားအတွက်​ပဲ​တွေးတာ...ကမ်းစပ်​နားအတွက်​ပဲစိတ်​ပူတာ​မေ​မေရဲ့..."

"​သြော်​..သမီးရယ်​...ကမ်းစပ်​နားနဲ့​တော့မနှိုင်းယှဉ်​ပါနဲ့...528အချစ်​နဲ့1500အချစ်​က တူမှမတူပဲ..နှိုင်းယှဉ်​စရာမလိုပါဘူးကွယ်​...ကမ်းစပ်​နားက..သူ့ရဲ့မိသားစုဝင်
သူ့​တူဆို​တော့...စိတ်​ပူတယ်​ ချစ်​တယ်
ဒါအဆန်းမှမဟုတ်​ပဲ...သမီးအသက်​လည်းမငယ်​​တော့ဘူး...က​လေးအ​တွေး​တွေကို​ခေါင်းထဲကထုတ်​လိုက်​ပါ....
ရေလှိုင်း​လေးကသမီးကိုသိပ်​ချစ်​ရှာပါတယ်​.."
မေ​မေကဘယ်​​လောက်​ပင်​နှစ်​သိမ့်​​နေပါ​စေ ​မေ​မေ့ရဲ့ရင်​ခွင်​ထဲမှာ...ခန္ဓာကိုယ်​​လေးသိမ့်​သိမ့်​တုန်​​အောင်​ရှိုက်​ငို​နေတာက​တော့မရပ်​ဆဲ​သေး။
~~~~~~~~~~~~~~~~~•**
ကုတင်​​ဘောင်​ကိုမှီ...​ခြေဆင်းထိုင်​​နေရင်းမှ...ကမ်း​ကျေ​ကျေနပ်​နပ်​ပြုံး​နေလျက်​။
ဒီ​နေ့...​ဒေါ်မုဒွိသဏ္ဍန်​ကိုအနိုင်​ယူခဲ့ရသမျှ​တွေအတွက်​...စိတ်​​ကျေနပ်​မှုက100%အပြည့်​ပင်​။
ခင်​ဗျားစိတ်​ဆင်းရဲ​နေရင်​...ကျွန်​​တော်​သိပ်​​ပျော်​တာပဲ။
"ဘာ​တွေပြုံး​နေတာလဲကမ်းနား..."
အ​တွေးနဲ့​ပျော်​​နေခိုက်​..အခန်းထဲကို
ဒီဒီဝင်​လာသည်​။

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now