Part - 17

1.3K 41 0
                                    

Zaw gyi

☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၁၇)

"ဒွိ...ဒွိ..."
ဒွိ​နောက်​ကိုအမြန်​လိုက်​ပြီး...လက်​ကိုဖမ်းဆွဲလိုက်​သည်​။

"ကို ဒွိကိုမတားပါနဲ့ ဒွိမှာသည်းခံနိုင်​တဲ့အတိုင်းအတာကုန်​​နေပြီ.."

"ဒွိ ကိုယ့်​ကိုချစ်​ရင်​ ကိုယ်​​ပြောတာကိုအရင်​နား​ထောင်​ပါအုံး "
ခြေစုံရပ်​ပစ်​လိုက်​ပြီး ကို့ကိုစူးစိုက်​ကြည့်​ပစ်​ရင်း...နှုတ်​ခမ်း​ပေါက်​လုမတက်​ကိုက်​​နေရင်းမှ မျက်​ရည်​​တွေက အလိုအ​လျောက်​ကျဆင်းလာတာ။
သူမရဲ့မာနနဲ့ဂုဏ်​သိက္ခာ​တွေဘယ်​​လောက်​ဆုံးရှုံးသွားလဲဆိုရင်​တဆက်​ဆက်​တုန်​ယင်​​နေတဲ့​မေးဖျား​​လေးကသက်​​သေပင်​။

"ကို့ကိုချစ်​လို့ပဲ ဒိ ကမ်းစပ်​နားကိုသည်းခံ​နေတာ ဒါ​​ပေမယ့်​ သူ ဒွိကို သက်​သက်​အငြိုးထားပြီး တိုက်​ခိုက်​​နေတာ "

"မဟုတ်​ဘူးဒွိ ကမ်းနားကက​လေးလည်းမဟုတ်​​တော့ဘူး အငြိုး​တေးထားပြီးတိုက်​ခိုက်​တဲ့သူမဟုတ်​ပါဘူး ဒီတိုင်းစကား​ပြောမတက်​တာပါ ​ကမ်းနားကိုစိတ်​ထဲမထားပါနဲ့ ​ "

"ကို... ဒွိ သူ့ကိုစိတ်​ထဲမထား​ပေမယ့်
သူကဒွိ​ရှေ့မှာ​ပေါ်​လာတာ​လေ
ဒွိသည်းမခံနိုင်​ဘူး​နော်​ "

"ဒွိ...ကမ်းနားကိုချစ်​စရာ​ကောင်းတဲ့တူ​လေးတစ်​​ယောက်​လို့မြင်​ကြည့်​ပါ
ကိုယ်​ဒွိကိုအရမ်းချစ်​တယ်​​နော်​ ​​နော်​ "

ဒွိကိုဖက်​လိုက်​ပြီး ​ခေါင်း​လေးကိုဖွဖွ​လေးပုတ်​ကာ​ချော့လိုက်​မှ သူမက ​ရေလှိုင်းရဲ့ခါးကိုကျစ်​ကျစ်​ပါ​အောက်​ပြန်​ဖက်​ထားလျက်​။
~~~~~~~~~~~~~~~~~~~•***
"C.E.O​ဒီ​နေ့လာမှာတဲ့...အားလုံး..
ကိုယ့်​အလုပ်​ကိုပဲအာရုံစိုက်​ကြ..
C.E.Oကအရမ်းစိတ်​ဆက်​တယ်​ကြားတယ်​.."

"ဟိတ်​...နင့်​အလုပ်​မလုပ်​​သေးပဲ
အလှ​တွေပြင်​​နေတယ်​ C.E.O​တွေ့ရင်​နင်​​တော့​သေပြီပဲ "

"မ​သေပါဘူး...C.E.Oကမ်းက sexyဆန်​ပြီးလှလှပပ​လေး​တွေကြိုက်​တယ်​လို့ငါသတင်းရထားတယ်
ငါ့ကိုမြင်​ရင်​သူ့အနား​တောင်​​ခေါ်ထားချင်​အုံးမှာ "

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now