Part - 20

1.4K 40 0
                                    

Zaw gyi

💞 မကိုချစ်​လို့ မုန်းတာမလား 💞

အခန်း(၂၀)
~~~~~~•!!!

ကမ်းကအခန်းထဲမှာတစ်​​ယောက်​တည်းအချိန်​အ​တော်​ကြာ​အောင်​​​နေပြီး
ကာမှ...ဆင်းလာသည်​။
ဆင်းလာလာချင်း ဧည့်​ခန်းထဲမှာစကားတ​ပြော​ပြောနဲ့ရယ်​ရယ်​​မော​မောရှိ​နေကြတဲ့မာမီ...ဒီဒီနဲ့​ဒေါ်မုဒွိသဏ္ဍန်​တို့ကိုမြင်​ရ၏။
ဒေါ်မုဒွိသဏ္ဍန်​ ပြုံးရယ်​​နေတာကိုမမြင်​ချင်​ဘူး..။
ဒီမိန်းမက​ငွေမက်​တာ...ဒီဒီ့ဆီကအခွင့်​အ​ရေး​တွေယူပြီးချူစား​နေတာ။
ကမ်း..​ဒေါ်မုဒွိသဏ္ဍန်​ ကိုကြည့်​တဲ့အကြည့်​​တွေက အထင်​​သေးစိတ်​ပျက်​သည့်​အကြည့်​။
ဒီအကြည့်​​တွေက ဒွိကို​သိမ်​ငယ်​​သေးနုတ်​​စေ​လောက်​သည်​ထိပင်​။
ပိုဆိုးတာက...ဒီမိန်းမက မာမီ့ကိုပါအပိုင်​ချုပ်​ထားတာ။
အဟင်း...ဒီလိုမိန်းမမျိုးကိုဆုံးရှုံးရတာ
ဘာခံစားစရာရှိလဲ။
"မာမီ....​ဘွား​တော်​ကဘယ်​​လောက်​အ​ပြော​ကောင်း​နေလို့...မာမီသ​ဘောတကျရယ်​​နေတာလဲ..."

"ဟ...ကမ်းနားလာပြီ.."
သူတို့ရှိရာကိုကမ်း​လျှောက်​လာလိုက်​ပြီး...ဒီဒီ့​ဘေးမှာထိုင်​လိုက်​တယ်​ဆိုလျှင်​ပဲ...

"သားကမ်း...ဒွိ​လေးကိုအဲ့ဒီလိုရိုင်းရိုင်းစိုင်းစိုင်းမ​ပြောရဘူး​....သားအချိုး​တွေခုထိမပြင်​နိုင်​​သေးဘူးလား..."

"မာမီ...ဘာလို့အဲ့ဒီဘွား​တော်​ဘက်​ကပဲရှိ​နေ​ပေးရတာလဲ..."

မျက်​ဝန်းအကြည့်​​တွေက ​ဒေါ်မုဒွိသဏ္ဍန်​ ဘက်​​ရောက်​သွားရပြီး..
"ဘွား​တော်​...ခင်​ဗျားမာမီ့ကိုဘယ်​လို​တွေအပိုင်​ချုပ်​ထားတာလဲ.."

"ကမ်းစပ်​နား.."
ကမ်းနားရဲ့ဂျစ်​ကန်​ကန်​စကား​တွေ​ကြောင့်​..မငယ်​ရဲ့အသံက..​ဒေါ်သသံပါသွားသည်​ကို ​ရေလှိုင်းသတိထားမိသွားပြီး...

"ကဲ...လူစုံပြီဆို​တော့...ညစာစားကြမယ်​..."

"​နေအုံး...လူမစုံ​သေးဘူး.."

"မငယ်​...ဘယ်​သူကျန်​​နေ​သေးလို့လဲ.."

မစုံ​သေးဘူးဆိုတဲ့မငယ်​ရဲ့စကား​ကြောင့်​..နားမလည်​နိုင်​ဖြစ်​သွားရသလို
မေးခွန်းထုတ်​လိုက်​မိသည်​။

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)जहाँ कहानियाँ रहती हैं। अभी खोजें