part - 31

1.2K 27 0
                                    

Zaw gyi

❦ မကိုချစ်​လို့ မုန်းတာမလား ❦

အခန်း(၃၁)
~~~~~~•★ ★ ★
ကုမ္ပဏီ ဝန်းထဲကိုတရှိန်​ထိုးဝင်​လိုက်​ပြီး VIPကားပါကင်​မှာကားကိုထိုးရပ်​လိုက်​သည်​။
ကားရဲ့အရှိန်​​ကြောင့်​ Security ​တွေအားလုံး ကမ်းရဲ့ကား​ဘေးမှာတန်းစီရပ်​လာကြသည်​ကိုကားထဲမှမြင်​လိုက်​ရပြီး ကား​ပေါ်မှာဆင်းလာသည်​နှင့်​..

"ကျွန်​​တော်​တို့ကိုဘာခိုင်းစရာရှိပါသလဲ"

မရှိ​ကြောင်းလက်​ဖြင့်​ကာထုတ်​ပြပြီး
ဂျက်​ကပ်​ရဲ့​ရှေ့အင်္ကျီစနှစ်​ဖက်​ကိုလက်​နှစ်​ဖက်​ဖြင့်​ဆွဲပြင်​ရင်း..တစ်​ချက်​မျှပြန်​မကြည့်​ဘဲ ​ပြောင်​လက်​တဲ့ရှူးဖိနပ်​နှင့်
မြန်​ဆန်​တဲ့​ခြေလှမ်း​တွေက ကုမ္ပဏီထဲဆီကိုသာ။
~~~~~~~~~~~~~~~~~~~•***
"မဒွိ​သင်​ပြ​နေတာ​တွေကိုနားလည်​ရဲ့လားနှင်း "

"ဟု​တ်​...နှင်းနားလည်​ပါတယ်​..ဒါ​ပေမယ့်​..မဒွိတို့မင်္ဂလာပွဲရက်​မ​ရောက်​ခင်​ထိ​တော့...နှင်းကိုကူညီ​ပေးရမယ်​​နော်​"
မျက်​ဝန်းဝိုင်း​လေးနှင့်​ ဒွိကိုအားကိုးတကြီးကြည့်​လာပြီး ဒွိလက်​ဖက်​ကိုဆုပ်​ကိုင်​ကာ​ပြောလာ၏။
"ဒွိကူညီ​ပေးပါ့မယ်​...
နှင်း..
ထက်​မြတ်​တဲ့အတွင်း​ရေးမှူး​ကောင်း
တစ်​​ယောက်​ဖြစ်​​အောင်​ကြိုးစား​နော်
နှင်းအတွက်​​ရော
ကုမ္ပဏီအတွက်​​ရော​ပေါ့ "

"နှင်းကြိုးစားမှာပါ "
ထိုစဉ်
အခန်းတံခါးကရုတ်​တရက်​ဝင်​လာပြီး
ဒွိဆီကိုလှမ်းလာတဲ့အ​ရေးတကြီး​ခြေလှမ်းနှင့်​ကမ်း​ကြောင့်​ဒွိလန့်​သွားရသလို ထရပ်​လိုက်​ပြီး..
"ဘာဖြစ်​လာတာလဲကမ်းစပ်​နား.
မစ္စတာလာဗင်​နဲ့အဆင်​မ​ပြေဖြစ်​လာတာလား "
အလန့်​တကြား​မေးလာတဲ့​မေးခွန်းကိုမ​ဖြေပဲ မရဲ့လက်​နှစ်​ဖက်​ကိုဆွဲယူစုပ်​ကိုင်​ရင်း..
"မကိုချိန်း​နေဖုန်းဆက်​လာ​သေးလား "

မျက်​ဝန်းဝိုင်း​လေးနှင်​ရှိ​နေတဲ့ဒွိက
မသိနားမလည်​စွာဖြင့်​​ခေါင်းခါပြသည်​။
"ချိန်း​နေကျွန်​​တော့်​ဆီကိုဖုန်း​ခေါ်တယ်​"

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now