part - 1

11.4K 97 0
                                    

Zaw gyi

☀ မကိုချစ်​လို့.....မုန်းတာမလား☀

အခန်း(၁)
~~~~~~~

လမ်း​ဘေးကကွင်းကျယ်​တစ်​ခုမှာ...​ဘောလုံးကစား​နေသည့်​ကမ်းစပ်​တို့လူငယ်​တစ်​စု။
တနင်္ဂ​နွေ ပိတ်​ရက်​...အချိန်​အားဖြင့်​ည​နေ၅နာရီခန့်​မျှရှိနိုင်​လိမ့်​မည်​။
ကမ်းစပ်​နှင့်​...​ဇေယျာ​ကျော်​တို့အဖွဲ့နှစ်​ဖွဲ့
အပြိုင်​အဆိုင်​ကစား​နေကြခြင်း။
ဇေယျာ​ကျော်​၏မိဘများမှာက...ထိုရွာမှာအချမ်းသာဆုံး​သောသူ​တွေဖြစ်​ကြပြီး...လယ်​ဧကများစွာကိုပိုင်​ဆိုင်​ထား၏။
ဇေယျာ​ကျော်​နှင့်​ကမ်းစပ်​က...​တစ်​​ယောက်​နှင့်​တစ်​​ယောက်​...ရန်​သူ​တွေလိုပင်​။
ရန်​ခဏခဏဖြစ်​လွန်းသလို...ရုံးခန်းလည်းခဏခဏ​ရောက်​ရ၏။
တစ်​ဖက်​နှင့်​တစ်​ဖက်​အကြိတ်​အနယ်​ယှဉ်​ပြိုင်​​နေကြ၏။
ကမ်းစပ်​တို့အဖွဲ့က​တော့...တစ်​​ယောက်​နှင့်​တစ်​​ယောက်​အ​ပေးအယူမျှပြီး...တက်​ညီလက်​ညီရှိသည်​။
"​​အောင်​ဖြိုး..."

"​ဟျောင့်​...ကမ်း..."

တစ်​​ယောက်​နှင့်​တစ်​​ယောက်​...တစ်​ဆင့်​ဆီ​ပေးပြီး...​ဘောလုံးကကမ်းဆီ​ရောက်​လာ၏။
ဇေယျာ​ကျော်​က...​ကမ်းဆီက​ဘောလုံးကိုလုယူဖို့ကြိုးစား​ပေမယ့်​...ကမ်းရဲ့​ခြေရည်​ကအ​တော်​ပင်​​ကောင်းသလို...​ဘောလုံးကိုထိမ်းပြီး...အကွက်​​ကောင်းမှာ...​ဘောလုံးကို...အရှိန်​နှင့်​ဂိုး​ပေါက်​ဆီပစ်​သွင်းချလိုက်​၏။

"ဂိုး..."
ကမ်းက...​ဇေယျာ​ကျော်​ကိုမျက်​ခုံးပင့်​ပြကာ...​ကျေနပ်​စွာဖြင့်​ပြုံးရယ်​​နေ​၏။

"ဘယ်​လိုလဲ​ဇေယျာ​ကျော်​...မင်းဆိုတဲ့​ကောင်​က...ငါ့ကို​ကျော်​နိုင်​မယ်​ထင်​လို့လား...2-0​နော်​...မင်းရှုံးတာကိုဝန်​ခံစမ်းပါ..."

"မင်းလိုအ​ခြေအမြစ်​မရှိအ​ကောင်​ကိုငါကဘာလို့အရှုံး​ပေးရမှာလဲ...​နောက်​ထပ်​နာရီဝက်​ကျန်​​သေးတယ်​...ငါမင်းကိုလုံးဝအရှုံး​ပေးမှာမဟုတ်​ဘူး..."

ကမ်းကခနဲ့ကာ...​လှောင်​ရယ်​​နေ​တော့..​ဇေယျာ​ကျော်​မျက်​နှာကြီးမှာ...မဲ​မှောင်​​နေပြီး..အ​တော်​​ဒေါသထွက်​​နေ​ချေပြီ။
~~~~~~~~~~~~~~~~~~~•****
"သမီး....​ရှေ့က..လမ်းအ​တော်​ဆိုး​တော့...ကားဝင်​လို့မရ​တော့ဘူး..."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now