Part - 15

1.3K 42 0
                                    

Zaw gyi

☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၁၅)

"ဦး​ကျော်​...တစ်​ခြား​တွေ့ဖို့ချိန်းထားတာ​တွေရှိ​သေးလား "

"မရှိ​တော့ပါဘူး "

"အဲ့ဒါဆို ကျ​နော်​ ​ဆေးရုံကိုသွား​တော့မယ်​ "

"ဒါနဲ့. သူ​ဌေးခမ်းနားက hotelမှာ
မန်​​နေဂျာအသစ်​ခန့်​လိုက်​တာကိုသိပြီးပြီလား "

"အဲ့ဒါကို​ကျ​နော်​မသိဘူး KN groupနဲ့ဆိုင်​တဲ့စီးပွား​ရေးလုပ်​ငန်း​တွေအကုန်​လုံးကို သူကမ်းနားကိုအကုန်​လွှဲထားတာ​လေ ခုကမ်းနားမရှိခင်​ကျ​နော်​ဦးစီး​ပေး​နေတာ အဲ့ဒီလို ရာထူးကြီးတစ်​ခုအတွက်​ လူအသစ်​ခန့်​တာ
ကျ​နော့်​ကို​ပြောပြရမှာ​လေ ခုက
ဦး​ကျော်​​ပြောမှသိရတယ်
ဦး​ကျော်​ ကျ​နော်​ Hotelကိုအရင်​သွားလိုက်​အုံးမယ်​ "
ရေလှိုင်း ​ဆေးရုံကိုသွားဖို့အစီအစဉ်​ဆွဲပြီးခါမှ Hotelကိုသာဦးတည်​သွားရ​တော့သည်​။
ရေလှိုင်း​ရောက်​​တော့ ဝန်​ထမ်း​တွေက
နှုတ်​ဆက်​စကား​ပြောလာတယ်​ဆိုလျှင်​ပဲ။

"မန်​​နေဂျာအသစ်​ကိုသွား​ခေါ်​ပေး "
မန်​​နေဂျာအသစ်​ကိုသွား​ခေါ်ခိုင်းပြီး
နား​နေခန်းဆီကိုသွားလိုက်​၏။
ခဏ​နေ​တော့ ဝန်​ထမ်းမ​လေးမှ
လိ​မ္မော်​ရည်​တစ်​ခွက်​လာချ​ပေး၏။
သိပ်​မကြာလိုက်​ အခန်းထဲကိုဝင်​လာတဲ့မိန်းက​လေး​ကြောင့်​ ​ရေလှိုင်းစိတ်​ထဲ
ထောင်းကနဲတိုသွားရ၏။
"မင်း "

"ဥက္ကဌ ဘာခိုင်းစရာရှိလို့်​ပါလဲ "

"ကျစ်​ မင်း​တော်​​တော်​မျက်​နှာ​ပြောင်​တိုက်​ပါလား မင်းဒီ​နေရာ​ရောက်​ဖို့အတွက်​ ကိုကြီးခမ်းနားနဲ့အိပ်​ခဲ့ရ​သေးလား "

"စကားကိုဆင်​ဆင်​ခြင်​ခြင်​​ပြောပါ
ငွေအိမ်​ ဒီအ​ခြေအ​နေမျိုးရဖို့အတွက်
ခန္ဓာကိုယ်​ရင်းတဲ့အထိ လုပ်​တဲ့မိန်းမစားမျိုးထဲမပါဘူး "

"မင်းလိုငယ်​ရွယ်​ပြီးလုပ်​ငန်းအ​တွေ့အကြုံမရှိ​သေးတဲ့မိန်းမကို ဒီလိုရာထူးကိုခန့်​တယ်​ဆိုတာက ​တော်​ရုံတန်​ရုံအ​ပေးအယူနဲ့မရဘူးမဟုတ်​လား "

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Kde žijí příběhy. Začni objevovat