Part - 28

1.2K 30 0
                                    

Zaw gyi

❦ မကိုချစ်​လို့ မုန်းတာမလား ❦

အခန်း(၂၈)
~~~~~~•★ ★ ★

ရုံးဆင်းချိန်​မှာ ကမ်းစပ်​နားကို​စောင့်​မ​နေ​တော့ဘဲ..Taxiနှင့်​ပဲပြန်​ရန်​အတွက်
တစ်​​ယောက်​ထဲထွက်​လာခဲ့သည်​။
ကုမ္ပဏီဝန်းရဲ့အပြင်​​ရောက်​သည်​နှင့်
ဘေးမှာရှိတဲ့Taxiကားကိုအားမအား​မေးပြီး...အားသည်​ဆိုသည်​နှင့်
Taxiခ​​ဈေးညှိပြီး..ကားတံခါးဖွင့်​ကာ
ဝင်​မည်​ပြုလိုက်​စဉ်​...
ဒွိရဲ့လက်​ကိုဆွဲလာသည့်​သူက
တစ်​ခြားမဟုတ်​...ကမ်းစပ်​နားပင်​။

"မင်းဘာလုပ်​တာလဲကမ်းစပ်​နား.."

"Taxiမငှါး​တော့ဘူး..."

Taxiသမားကို​အ​ကြောင်းပြန်​ပြီး..
ဒွိရဲ့လက်​ကိုဆွဲ​ခေါ်သွားသည့်​ကမ်းစပ်​နားရဲ့လက်​ထဲမှာ...ဒွိကသာယက်​ကန်​ယက်​ကန်​ပါသွားခဲ့ရ​တာ။
သူ့ရဲ့ကားနားကို​ရောက်​သည်​နှင့်
ဒွိကိုကားထဲကိုတွန်းထည့်​ပြီး..
ကားတံခါးကို​စောင့်​ပိတ်​လိုက်​သည့်​အသံကကျယ်​သွားရသည်​။
သူက...တစ်​ဖက်​ကားတံခါးဘက်​မှာဝင်​ထိုင်​လိုက်​ပြီး...ကား​လေးကိုကုမ္ပဏီဝန်းထဲက...လှစ်​ကနဲ​မောင်းထွက်​​လေ​တော့သည်​။

"ကမ်းစပ်​နား.."
သူ့ဘက်​ကိုခပ်​​စောင်း​စောင်းလှည့်​လိုက်​ပြီး...​ရေရွတ်​​ခေါ်ဆိုလိုက်​ရာ...

"ခင်​ဗျားကကျွန်​​တော့်​ကိုပစ်​ပယ်​ထားဖို့ကြံတာလား.."

"ပစ်​ပယ်​တယ်​...ဘာကိုလဲကမ်းစပ်​နား
အရာအားလုံးကိုမင်းစိတ်​တိုင်းကျ
ဖြစ်​ချင်​​နေလို့မရဘူး​နော်​..."

"ခင်​ဗျားမှာအားကိုးဖို့ကျွန်​​တော်​တစ်​​ယောက်​လုံးရှိတယ်​....ခင်​ဗျားအဲ့ဒီလိုအချိုးမျိုးချိုးလို့မရဘူး...ခင်​ဗျားကိုဂရုစိုက်​ဖို့အခွင့်​အ​ရေးကျွန်​​တော့်​ကို​ပေးကို​ပေးရမယ်​..."

"မလိုပါဘူးကမ်းစပ်​နားရယ်​...
မလိုပါဘူး..မင်းရဲ့ဂရုစိုက်​မှုဆိုတာက
ငါ့အတွက်​သိပ်​မွန်းကြပ်​လွန်းလို့ပါ..
လှောင်​အိမ်​ထဲကငှက်​က​လေးတစ်​​ကောင်​ကို
ပြုစုယုယသလိုမျိုးငါ့ကိုမလုပ်​ပါနဲ့"
အသံကဝမ်းနည်းသံပါလာမှန်းသိသည်​​ကြောင့်​...ကား​လေးကိုလမ်း​ဘေးမှာအသာထိုးရပ်​ပြီး..မဘက်​ကို​သေချာ​စောင်းကြည့်​​တော့...မျက်​ဝန်းနက်​​တွေထဲမှာမျက်​ရည်​​တွေပြည့်​အိုင်​​နေတာ။
ကမ်း..မရဲ့ပခုံးအစုံကိုကိုင်​ရင်း...
"ဘာဖြစ်​လို့ကျွန်​​တော့်​အချစ်​​တွေက
မကိုမွန်းကြပ်​​စေရတာလဲ...
ကျွန်​​တော်​မကိုဂရုစိုက်​​ပေးခွင့်​ရချင်​တယ်
ကျွန်​​တော်​...မကိုချစ်​တဲ့အတွက်
ကျွန်​​တော့်​​ကြောင့်​မ..ရယ်​​မော​နေတာ​လေးကိုမြင်​ချင်​တယ်
အဲ့ဒါ​တွေကိုမ...ဘာလို့နားလည်​မ​ပေးနိုင်​ရ​တာလဲ...မ.."
"အ​ဖြေကရှင်းရှင်း​လေးပဲ..
ငါမှမင်းကိုမချစ်​တာ..
ငါချစ်​တာက..."
"​တော်​လိုက်​​တော့...မ"
ကမ်းက...ခပ်​မာမာအသံနှင့်​အတူပခုံး​လေးကို...ခပ်းတင်းတင်းဆုပ်​ကိုင်​ပစ်​​တော့...ဒွိမျက်​ဝန်းကိုစုံမှိတ်​ချလိုက်​ပြီး..ကမ်းကို​ကျော​ပေးကာ...ကားမှန်​မှတစ်​ဆင့်​...အပြင်​ကိုသာ​ငေးရီကြည့်​လိုက်သည်​မှာက...မျက်​ရည်​​တွေကပါးပြင်​မှာအပြိုင်​စီးကျလာသည်​နှင့်​အတူ​ပေါ့။
~~~~~~~~~~~~~~~~~~~•***
မရဲ့အိမ်​မှာ...မကိုပို့်​ခဲ့ပြီး..အိမ်ကိုပြန်​​ရောက်​သည့်​အခါမှာ​တော့...ခြံတံခါး
လာဖွင့်​သည့်​လူ​ကြောင့်​...ကမ်းအံ့သြ
သွားရသည်​။
ပေါ်တီကိုမှာကားထိုးရပ်​ပြီး...အိမ်​ထဲဝင်​သွားလိုက်ရာ...
"သားကမ်း..."
ကမ်းကို​ရေရွတ်​​ခေါ်ဆိုပြီး​ပြေးဖတ်​လာသည့်​မိန်းမကြီးမှာ...ဆံပင်​သာမက
မျက်​ခုံး​တွေပါဖြူ​ရော်​​နေတာ။
"အရီး..."
"ငါ့သား​လေးက​မမှတ်​မိနိုင်​​လောက်​​အောင်​​တော်​​တော့်​ကိုထွားလာတာပဲ..
လွမ်း​နေလိုက်​ရတာကွယ်​..."
ကမ်းရဲ့ပါးနှစ်​ဖက်​ကိုကိုင်​ပြီး..​သေချာစူးစိုက်​ကြည့်​၏။
"မ​သောင်းညွှန့်​ကလည်း...ကမ်းကို​အေး​ဆေးနားပါ​စေပါအုံး..ကုမ္ပဏီ ကပြန်​လာတာပင်​ပန်း​နေမှာ​ပေါ့.."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now