Part - 6

1.8K 52 1
                                    

Zaw gyi

☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၆)
-----------:•

ရက်​သတ်​တစ်​ပတ်​ခန့်​ကြာသည်​ထိ
ဆရာမဒွိက...ကမ်းကို..ဘာစကားတစ်​ခွန်းမျှမ​ပြောဘဲကျဉ်​ဖယ်​ထားတာ။
ထိုအချိန်​ကာလတစ်​ခုလုံး..
ကမ်းဘယ်​​လောက်​ပဲအ​နေအထိုင်
ဆင်​ခြင်​ဆင်​ခြင်​..ကမ်းကို
တစ်​ချက်​ပြုံးပြမလာ။
အပြစ်​မရှိ​ပေမယ့်​..အပြစ်​ရှိသ​ယောင်
ထင်​မှားပြီး..ဆရာမဒွိ..ကမ်းကို
စိတ်​ကုန်​သွားတာ။
တစ်​ကယ်​​တော့...
ဒီအ​ကြောင်းအရာ​တွေရဲ့အဓိကတရားခံက...​အောင်​ဖြိုး။
အောင်​ဖြိုးကိုစိတ်​တို​ပေမယ့်​..
ကမ်း​အတွက်​အ​ကောင်းဆုံးသူငယ်​ချင်းမို့...အပြစ်​မ​ပြောချင်​ခဲ့။
ခုရက်​ပိုင်း​တွေထဲ...ဆရာမဒွိက..​ဇေယျာ​ကျော်​နဲ့ပိုအဆင်​​ပြေလာသလို
ကမ်းမှာ အစားပျက်​အအိပ်​ပျက်​ဖြစ်​လာတာ။
ဒွိ...ကမ်းစပ်​နားမျက်​တွင်း​တွေနက်​​နေပြီး...ပိန်​ကျလာတာကို​တော့သတိထားမိ​လေရဲ့။
ဒီ​နေ့​ကျောင်းမလာသည်​​ကြောင့်​...
ကမ်းစပ်​နားတို့အိမ်​ကိုလိုက်​သွားဖြစ်​ခဲ့တာ။
"ကမ်းစပ်​နား...ကမ်းစပ်​နား.."
ကျောင်းလစ်​တဲ့အထိဆိုးသွမ်းလာတာမို့...ဒွိအိမ်​ထိလိုက်​လာပြီး..စိတ်​တိုတိုနဲ့​အော်​မိ​၏။
"ဟယ်​...ဆရာမ​လေး..."
ကမ်းစပ်​နားကို​အော်​​ခေါ်​ပေမယ့်​...
အိမ်​ထဲမှထွက်​လာသူက..
ကမ်းစပ်​နားမဟုတ်​ဘဲ...​ယောင်းမ
ကြီးကိုကိုင်​လာတဲ့အရီး။
"သမီး...ဘာကိစ္စရှိလို့လဲ..."

"ဒွိ...ကမ်းစပ်​နားနဲ့​တွေ့ချင်​လို့...
သူတရားလွန်​​နေပြီ..."

"သားကမ်း​ကျောင်းမလာဘူးလား.."

"မလာဘူးအရီး...သူတို့တစ်​ဖွဲ့လုံးမလာဘူး..."
"အိမ်​မှာလည်းမရှိဘူးကွယ်​...
သားကမ်းဘယ်​​တွေ​လျှောက်​သွားလဲမသိဘူး...သနားပါတယ်​..."

"အဲ့ဒီ​ကောင်​​လေးကသနားစရာ
တစ်​စက်​က​လေးမှကိုမရှိဘူး..
သူက...လူကြီးသူမကိုလည်းမရို​သေ.
ဆိုဆုံးမတာကိုလည်းနားမ​ထောင်​..
သူ့ဆုံးမရတာက...ကျွဲပါး​စောင်းတီးရသလိုပဲ..."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now