Part - 8

1.6K 45 0
                                    

Zaw gyi
☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၈)
-----------:•

"ခြမ်း..ဒုန်း..."
"ထွက်​ခဲ့...​ကြီး​တော်​...ဒီ​နေ့..
ကျွန်​​တော်​ခင်​ဗျားကိုသတ်​ပြီး..
ထောင်​ထဲဝင်​မယ်​..."
"ခွမ်း.....ခွမ်း...ဒုန်း..."
"ကမ်းစပ်​နား...မင်းကို​လေ...ငါ​ထောင်​ချပစ်​မယ်​..သိလား..."
အိမ်​​ရှေ့က​နေ...ကမ်းကအိမ်​ကြီးကိုလှမ်းပစ်​​လေ​တော့...ပိတ်​ထားတဲ့ပြတင်း​ပေါက်​မှန်​​တွေလည်းကုန်​ပြီ။
ထိုကွဲ​နေတဲ့အ​ပေါက်​မှလည်း...အိမ်​ထဲထိပင်​တုတ်​​တွေတဒုန်းဒုန်း​ရောက်​သွား၏။
ဘေးအိမ်​ကလူ​တွေကလည်း...
ကမ်းစပ်​နားအ​ကြောင်းသိလို့..
ဝင်​မဆွဲရဲဘဲ...ရပ်​ကြည့်​​နေကြရုံသာ။
ဒေါ်ကြင်​​ငွေတို့မိသားတစ်​စုလည်း..
အိမ်​အ​ပေါက်​အကုန်​ပိတ်​ကာ...
အထဲမှဆဲ​ရေး​နေကြရ၏။
"သွား...သူကအ​မေ့ကို​တွေ့ချင်​​နေတာ..အ​မေသွား​ပေးလိုက်​..."

"ဟဲ့...အ​မေသွားရင်​အဲ့​ကောင်​​လေးက..အ​မေ့ကိုတစ်​ကယ်​သတ်​မှာဟဲ့..."

"ဒုန်း....ခြမ်း..."

"အ​မေ့ကိုဟိုကအမှုန့်​တောင်​ကြိတ်​ပစ်​ချင်​အုံးမယ်​...သား​လည်းအ​မေ့ကို​ကျေနပ်​တာမဟုတ်​ဘူး...​အ​မေ့​ကြောင့်​...
ဆရာမ​လေးထွက်​စာတင်​ပြီးအပြီးထွက်​သွားတာ..."

"အ​မေ့​ကြောင့်​မဟုတ်ဘူး..အဲ့ဒါသူ့အပြစ်​နဲ့သူ...အ​မေ​ပြောတာမှားမှမမှားတာ...သူကကမ်းစပ်​နားကို...ပိုသင်​​ပေးလို့....ကမ်းစပ်​နားကအဆင့်​ ၁ ရရတာ..အတူတူပညာသင်​​ပေးတယ်​ဆို.
သားလည်းသူနဲ့အတူတူအဆင့်​ ၁ ရမှာ
"

"ကြီး​တော်​ကြင်​​ငွေ...ခင်​ဗျားထွက်​ခဲ့မလား...ဒါမှမဟုတ်​...ခင်​ဗျားအိမ်​ကိုမီးရှို့ရမလား..."

"ကျစ်​...အ​မေတို့စာမတ်​ဘာမတတ်​နဲ့
တော်​​တော်​​ပြောရဆိုရခက်​တာပဲ..
သူကသားထက်​ဥာဏ်​​ကောင်းလို့သူသာတာ​လေ...ဆရာမ​လေးနဲ့ဘာမှမဆိုင်​ဘူး..."

"​တော်​ကြစမ်း...မင်းတို့သားအမိစကား
မများ​တော့နဲ့...ဟို​ခွေး​ကောင်​​လေးက
လုပ်​မယ်​ဆိုတစ်​ကယ်​လုပ်​မှာ..."
သားမိသားဖသုံး​ယောက်​...ပြတင်း​ပေါက်​မှန်​ကွဲမှလှမ်းကြည့်​​လေ​တော့...
အိမ်​​ခြေကို...​ကောက်​ရိုး​တွေပုံပြီး..
ကောက်​ရိုးပုံ​ပေါ်ကိုဓာတ်​ဆီ​တွေ​လောင်း​နေတာ။

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now