part - 33

1.3K 24 0
                                    

Zaw gyi

❦ မကိုချစ်​လို့ မုန်းတာမလား ❦

အခန်း(၃၃)
~~~~~~•★ ★ ★

ကမ်းက..ပြုံးရယ်​ရင်း..ဘူးကို​မြှောက်​ပြကာ
"ဒီဒီကြိုက်​တဲ့..."

"ခွပ်​..."
စကားမဆုံးလိုက်​ခင်​မှာပဲဒီဒီဆီကလက်​သီးချက်​က...ကမ်းရဲ့မျက်​နှာ​ပေါ်ကိုကျ​ရောက်​လာတာ။
"မင်းက​တော့...အခုထိ​ပျော်​ပါးပြီး
အေး​ဆေး​နေတုန်းပဲလားကမ်းစပ်​နား."

ခန္ဓာကိုယ်​ကလည်းယိမ်းသွားပြီး ပြန်​မတ်​လိုက်​ကာ..ကမ်းနားမလည်​သလိုကြည့်​သည်​။
"ဒီဒီ...
ကျွန်​​တော့်​အသားကို
ဘယ်​တုန်းကမှမထိရက်​ခဲ့တဲ့ဒီဒီ
စကားကို​တောင်​ကြမ်းကြမ်းတမ်းတမ်းမ​ပြောရက်​ခဲ့တဲ့ဒီဒီက
ကျွန်​​တော့်​ကိုထိုးတယ်
ဘာဖြစ်​လို့လဲ...ဘာလို့လဲဒီဒီ.."

"မင်း...
မင်းကွာ...ငါအတန်​တန်​တားထားတဲ့ကြားက
ငွေအိမ်​ငယ်​ကိုသွားရှုပ်​ရတယ်​လို့"
ကမ်းကိုလက်​ညိုး​ငေါက်​​ငေါက်​ထိုးပြီး
အံကြိတ်​သံနှင့်​​ပြောတဲ့ဒီဒီက
တော်​​တော့်​ကိုစိတ်​ဆိုး​နေဟန်​။

"ဒီမိန်းမ.
ပိုက်​ဆံလိုချင်​သ​လောက်​​ပေးမယ်​​ပြောထားတာကို
ဒီဒီကိုတိုင်​လိုက်​တယ်​လား.."

"မင်းလုပ်​ရပ်​ကိုမှန်​ရဲ့လား
မှားသလား..သုံးသပ်​ကြည့်​ပြီးပြီလားကမ်းနား"
နှုတ်​ခန်း​ထောင့်​စွန်းက​သွေးစကိုလက်​မနဲ့သုပ်​ပြီး..နှုတ်​ခမ်းတွန့်​ရုံမျှပြုံးကာ
ကန်​စွန်းဥစနွင်းမကင်းဘူးကို
ကျွန်းစာပွဲ​ပေါ်တင်​ပြီး ဆိုဖာမှာ
ပစ်​စလက်​ခက်​ထိုင်​ပစ်​သည်​။

"ကျွန်​​တော်​မှန်​တယ်​ထင်​လို့လုပ်​တာ
စွန့်​ပစ်​ခံရခြင်း​ရဲ့​ဝေဒနာကို
သူတို့ခံစား​စေချင်​တာ
ကျွန်​​တော့်​မာမီလိုခံစားချက်​မျိုး"

"မင်းလုပ်​ရပ်​က...ကိုယ်​ရှူးကိုယ်​ပတ်​ရင်​ဘယ်​လိုလုပ်​မလဲ
ငွေအိမ်​ငယ်​မှာသာကိုယ်​ဝန်​ရှိသွားရင်
ဆိုတဲ့အ​တွေး
မင်းအဲ့လို​အ​တွေး​တွေးဖို့ကိုဥာဏ်​ရည်​မမှီ​တော့တာလား.."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now