part - 26

1.3K 32 0
                                    

Zaw gyi

ူ❦ မကိုချစ်​လို့ မုန်းတာမလား ❦

အခန်း(၂၆)
~~~~~~•★ ★ ★

"ဘာ​ပြောတယ်​ကမ်းစပ်​နား.."

"ကျွန်​​တော်​ဒွိကိုခိုး​​ပြေးသွားတာ..."
တစ်​ဖက်​မှသားဖြစ်​သူရဲ့စကားကြားရပြီး
ဒေါ်​နွေးငယ်​​ခေါင်းနပမ်းကြီးသွားရသလို
ဘုရားတမိသွား၏။

"မင်းဘာ​တွေလုပ်​​နေတာလဲကမ်းစပ်​နား
အဲ့ဒါဒီ​ရေလှိုင်းရဲ့ချစ်​သူ...
ဒီ​ရေလှိုင်းနဲ့မကြာခင်​မှာလက်​​ထပ်​​တော့မယ့်
ဒီ​ရေလှိုင်းရဲ့သတို့သမီး​လောင်း​လေ
မင်းအဲ့ဒီလိုလုပ်​လို့မရဘူး...
မာမီသ​ဘောမတူဘူး.."

"သားကအရင်​ချစ်​ခဲ့ရတဲ့သူပါမာမီ..
ဒီဒီက​နောက်​မှ​ရောက်​လာပြီး
မကိုအပိုင်​သိမ်းသွားတာ...
သား..မကိုအဆုံးရှုံးမခံနိုင်​ဘူး..
ပြီး​တော့...သားတို့...
လင်​မယားအရာ​မြှောက်​သွားပြီ..."

"မိုက်​လိုက်​တာကမ်းစပ်​နားရယ်​..
မင်းက​လေ...မင်းအ​ဖေရဲ့​သွေး
အပြည့်​ပါလာတာပဲ..."

"မတူဘူး​နော်​မာမီ...
ဒက်​ဒီနဲ့သားကလုံးဝမတူဘူး..
ဒက်​ဒီကအချစ်​သစ်​ရှာတာ..
သားက...သားပိုင်​ဆိုင်​တဲ
ရွှေရုပ်​​လေးကိုပြန်​ပိုင်​ဖို့ကြိုးစားတာ.."

သားကမ်းကို​ပြောဆိုမရသည်​​ကြောင့်
ဒေါ်​နွေးငယ်​ ​လေးပင့်​စွာဖြင့်
ဖုန်းကိုချလိုက်​ပြီး..
ဘေးမှာရှိ​နေတဲ့​ရေလှိုင်းဆီကို
အကြည့်​ပို့လိုက်​ကာ...

"သားကမ်းက..
ဒွိ​လေးကိုခိုး​ပြေးသွားတာတဲ့.."

စိတ်​မ​ကောင်းသံနှင့်​..​နောက်​ဆုံးစကားသံမှာတိမ်​ဝင်​သွားရသည်​က...​မောင်​​လေးအတွက်​ပါပဲ။

"ဒီ​ရေလှိုင်း...မင်းစတဲ့ဇာတ်​...
မင်းဘယ်​လိုကမလဲ..ငါ​ပြောတယ်
သားကမ်းကိုအယုံမ​ပေးပါနဲလို့
ခု​တော့မင်းသတို့သမီး​လောင်းကိုခိုး​ပြေးသွားပြီ.
မင်းဘာတတ်​နိုင်​​သေးလဲ
မင်းဘာဆက်​လုပ်​မလဲ..."

"သူတို့နှစ်​​ယောက်​ကိုလက်​ထပ်​​ပေးလိုက်​ဖို့ပဲရှိ​တော့တာ​ပေါ့..
ကမ်းနားက..မုဒွိသဏ္ဍန်​ကိုချစ်​​နေမှ​တော့
သူစိတ်​ချမိးသာဖို့ပဲလိုပါတယ်​..."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now