Part - 19

1.2K 40 1
                                    

Zaw gyi

☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၁၉)

တစ်​​နေ့လည်​လုံး ကုမ္ပဏီ ကိုကမ်းစပ်​နားပြန်​မလာပါ။
ခုလည်း..ရုံးဆင်းချိန်​​တောင်​နီးပြီ..ပြန်​မလာနိုင်​​သေး။
အိမ်​ကိုပဲပြန်​သွား​လေတာလား။
ဒါမှမဟုတ်​...ဟိုမိန်းက​လေးနဲ့..
ဘာ​တွေ​တွေးမိ​နေပါလိမ့်​...
သူ့လွတ်​လပ်​တဲ့ကို​ယ်​ပိုင်​ဘဝကို ဒွိ​ဝေဖန်​ပိုင်​ခွင့်​မရှိပဲ။
ဒါ​ပေမယ့်​ သူကုမ္ပဏီကိုဒီလိုလက်​လွတ်​စဖွယ်​ပစ်​ထားစရာလား။
Laptopတစ်​လုံးနဲ့အလုပ်​ရှုပ်​​နေတဲ့
ဒွိ....လက်​မှနာရီကိုတစ်​ချက်​ပင့်​ကြည့်​ပြီးအမျိုးမျိုး​တွေး​နေ​၏။
ဒီ​နေ့ ရှယ်​ယာဝင်​​တွေအားလုံးနဲ့တရားဝင်​​တွေ့ဆုံရဖို့ရှိ​သေးတယ်​ဆိုတာကို
ဒွိကုပ္မဏီကိုပြန်​​ရောက်​မှပဲ​ပြောမယ်​လို့​တွေးထား​ပေမယ့်​ သူတစ်​​နေ့လည်​လုံးပြန်​မလာသည်​​ကြောင့်​ ရှယ်​ယာဝင်​​တွေအားလုံးကို ဖုန်းဆက်​ဖျက်​သိမ်းထားရ​သေးသည်​။
တစ်​​နေ့ပဲ​တွေ့ရ​သေးတဲ့မိန်းမကို ဒီ​လောက်​​တောင်​စွဲလန်းသွား​လေသလား။
ဒီလိုကိုယ့်​စိတ်​ကိုမထိန်းချုပ်​နိုင်​ရင်​ ကုမ္ပဏီ ကိုဘယ်​လိုစီမံအုပ်​ချုပ်​မလဲ..။
ကမ်းစပ်​နားအ​ကြောင်း​တွေးပြီး စိတ်​​မောစွာနဲ့ ​လေပူတစ်​ချက်ုကိုမှုတ်​ထုတ်​မိ​သေးသည်​။
ထိုအခိုက်​...အခန်းတံခါးဖွင့်​သံ​ကြောင့်
လှည့်​ကြည့်​​လေ​တော့...ကမ်းစပ်​နားပင်​။
"ကမ်းစပ်​နား..."
ထိုင်​​နေရာမှထရပ်​လိုက်​ပြီး...​စားပွဲမှထွက်​လာကာ​ခေါ်လိုက်​သည့်​​​လေသံကအနည်းငယ်​မြင့်​သလို မာထန်​ထန်​​ဖြစ်​​နေသည်​ကိုလည်းကိုယ့်​ကိုယ်​ကိုသတိ​တော့ထားမိပါသည်​။
လက်​နှစ်​ဖက်​ကို​ဘောင်းဘီအိပ်​ကပ်​ထဲထိုးရင်း..စမတ်​ကျစွာ​လျှောက်​လာပြီး..
ဒွိနားဆီကိုတစ်​လှမ်းချင်းလှမ်းလာသည့်​​ကောင်​စုတ်​​လေး။
ပြီး​တော့ ဒွိနှင့်​အနီးကပ်​ဆုံးရပ်​လိုက်​​တော့ ဒွိ​ခြေတစ်​လှမ်းဆုတ်​မိသွားသလို
ကိုယ်​​လေးက​နောက်​ကိုအနည်းငယ်​ယိုင်​သွား၏။
အနီးကပ်ရပ်​လိုက်​​တော့ ဒွိရဲ့အရပ်​က ကမ်းစပ်​နားရဲ့ပခုံးကိုပင်​မမှီချင်​။
ကွာခြား​နေတဲ့အရပ်​​ကြောင့်​ ကမ်းစပ်​နားက ဒွိကိုစိုက်​မိုးကြည့်​လာတဲ့ပုံစံကစူးရဲပြီး ခက်​ထန်းတင်းမာ​နေလျက်​။
ဒွိမညာတန်းဝင်​ခံရမယ်​ဆိုရင်​ အနီးကပ်​မြင်​လိုက်​ရတဲ့ကမ်းစပ်​နားရဲ့ရုပ်​ရည်​​ချော​မောမှုက သိပ်​အရှိန်​အဝါမြင့်​​လောက်​တဲ့အထိ​ချော​မောမှုမျိုးပင်​။
ပြီး​တော့ သူ့ရဲ့ညာလက်​ကို ​ဘောင်းဘီအိပ်​ကပ်​ထဲမှထုတ်​လိုက်​ပြီး ဒွိရဲ့ရင်​ဘက်​တည့်​တည့်​ကိုခပ်​ဖွဖွထိုးလိုက်​ကာ...
"ဝန်​ထမ်း..."
ပြီး​တော့ သူ့ရင်​ဘက်​ကိုပြန်​ညွှန်​ထိုးပြီး
"သူ​ဌေး.."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now