Part - 13

1.4K 36 1
                                    

Zaw gyi

☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၁၃)

"သား​လေး...အစစအရာရာဂရုစိုက်​​နော်​  အ​မေ့ကိုစိတ်​မပူနဲ့.."

"သား...​အောင်​ဖြိုး...သားအတွက်
ဒါအခွင့်​အ​ရေး​ကောင်းတစ်​ခုဖြစ်​တဲ့အတွက်​  ​နောက်​ဆံမတင်းနဲ့​​နော်
အ​မေဝမ်းသာတယ်​သား "

"သားတို့ အ​မေတို့ကိုကန်​​တော့ပါရ​စေ"

အောင်​ဖြိုးနဲ့ပိန်​​သေးတို့နှစ်​​ယောက်
အ​မေမုဆိုးမနှစ်​​ယောက်​ကို
ရှိခိုးကန်​​တော့ကြ၏။
"ကျန်းမာပါ​စေ...
ချမ်းသာပါ​စေကွယ်​..
သား​လေးတို့...မျက်​နှာမြင်​ချစ်​ခင်​ကြပါ​စေ
အသံကြားသနားပါ​စေ
သွား​လေရာမှာခလုတ်​မထိ​ဆူးမငြိကြပါ​စေနဲ့..."

"​ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေ..."
နှစ်​ဦးသားပြိုင်​တူဆု​ပေးပြီး​​နောက်
အောင်​ဖြိုးနဲ့ပိန်​​သေးကို အားပါးတရဖက်​ကာ ပါးနှစ်​ဖက်​ကိုနမ်းရှိုက်​လိုက်​၏။
"ကမ်းစပ်​နားကို ကြီး​တော်​တို့ ​ကျေးဇူးတင်​ပါတယ်​ "

"​ကျေးဇူးတင်​ဖို့မလိုပါဘူး ​အောင်​ဖြိုးနဲ့ပိန်​​သေးက ကျွန်​​တော့်​အတွက်
အမြဲ​ကောင်း​ပေးခဲ့တဲ့သူငယ်​ချင်း​ကောင်း​တွေပဲ​လေ "

"ပြီးပြီဆိုရင်​ တို့​တွေသွားကြရ​အောင်​ "

သွားကြရ​အောင်​လို့ကမ်းက​ပြော​တော့
အောင်​ဖြိုးက ​ခြေလှမ်း​တွေရပ်​​နေ​သေးသလို တစ်​​ယောက်​​ယောက်​ကို​မျှော်​​နေဟန်​။
"မင်း...နှင်းကို​စောင့်​​နေတာလား..."

"အင်း...ဟုတ်​တယ်​...ခဏ​လောက်​​တော့​စောင့်​​ပေးပါအုံး​နော်​...သူလာ​တော့မှာပါ..."

"ရပါတယ်​...မင်းသူ့ကိုနှုတ်​ဆက်​ချင်​​သေးတာငါနားလည်​ပါတယ်​..."

"​အောင်​ဖြိုး..."
ပြောလို့မှမဆုံး​သေး...အ​မောတ​ကော​ပြေးလာတဲ့နှင်း...

အောင်​ဖြိုးအ​နေားကို​ရောက်​​တော့
ပြေးလာလို့​မောပြီးကျတဲ့​မျက်​နှာက​ချွေးစက်​​တွေနှင့်​အတူ မျက်​ရည်​​တွေပါ​ရော​နှောကျ​နေ၏။

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now