Part - 14

1.2K 32 0
                                    

Zaw gyi
☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၁၄)

"သမီးနဲ့သား မပြီးကြ​သေးဘူးလား
ရေလှိုင်း​စောင့်​​နေရ​တာကြာ​နေပြီ "

"ပြီးပါပြီ​မေ​မေရဲ့ "
အပြင်​မှာကို​ရေလှိုင်း​ရောက်​​နေတာကြာပြီမှန်းသိ​ပေမယ့်​ တစ်​​ယောက်​တည်းအလုပ်​ရှုပ်​​နေတဲ့ဒွိ။
ဆလင်းဘက်​အိတ်​ကို​ကောက်​လွယ်​လိုက်​သလို အခန်းထဲကမထွက်​ခင်​ မှန်​ထဲကိုတစ်​ချက်​လှမ်းကြည့်​ခဲ့​သေး၏။
"ကို​ရေလှိုင်းကိုအားနာလိုက်​တာ "

"ရပါတယ်​ဒွိရဲ့ ဘယ်​​လောက်​မှမကြာပါဘူး "

"ဒွိတို့သွားရ​အောင်​.."

"​နေပါအုံး...ချိန်း​နေကို​စောင့်​လိုက်​ပါအုံး "

"ထားခဲ့လိုက်​ပါကို​ရေလှိုင်းရယ်
ချိန်း​နေက​လေ ​ယောကျာ်း​လေးသာ​ပြောတယ်​ ဘာ​တွေများအလုပ်​ရှုပ်​​နေလဲကိုမသိဘူး...သူ့ဘာသာ​ကျောင်းသွားပါ​စေ "

"ထားခဲ့လို့ဘယ်​ဖြစ်​မလဲ ဒီ​လောက်​အချိန်​​လေးက ကိုယ့်​အတွက်အပန်းမကြီးပါဘူး "

"ဟင်း...ကို​ရေလှိုင်းကသာစောင့်​ရတာစိတ်​ရှည်​တာ ဒွိက​တော့လုံးဝစိတ်​မရှည်​ဘူး "

"​မေ​မေ မဒွိက သားအမ​ရောဟုတ်​ရဲ့လား "
အဖြူအစိမ်းလဲ သနပ်​ခါးလူးထားပြီး
ဆံပင်​ကို​ကြော့​မော့စွာဖီးထားတဲ့
ချိန်း​နေက တိုင်​မှာချိတ်​ထားတဲ့လွယ်​အိတ်​ကိုယူလွယ်​ရင်း​မေးလိုက်​၏။
မေ​မေက​တော့အ​မေးကိုမ​ဖြေပဲခပ်​ပြုံးပြုံးသာ​နေ​နေ​လေရဲ့။
"မဟုတ်​ဘူးတဲ့...နင့်​ကို​မေ​မေက အမှိုက်​ပုံနားက​ကောက်​​လာတာ​ "

"မဒွိကိုသာအမှိုက်​ပုံနားက​ကောက်​လာတာ သားက​မေ​မေ့သားဆို​တော့ ​မေ​မေ့လို​ချောပြီး အရပ်​လည်းရှည်​တယ်
ခန္ဓာကိုလည်းထွားတယ်​ မဒွိကဘယ်​​နေရာမှ​မေ​မေနဲ့မတူ​ဘူး "

"​ကောင်​စုတ်​​လေး "

"ကဲ စ​နောက်​မ​နေကြ​တော့နဲ့ ​​ရေလှိုင်းက​ကျောင်းကိုလိုက်​ပို့ရအုံးမှာ​လေ
ဒီမှာ သမီး​ရောသား​ရော ထမင်းချိုင့်​​မေ​မေပြင်​ထားပြီးပြီ ဒီဘက်​ကဗူး​လေးက ကန်​စွန်းဥဆနွင်းမ​ကင်း​လေးလုပ်​ထားတာ ​ရေလှိုင်းစားဖို့ "

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now