Warm Love-1

2.3K 151 13
                                    

(Unicode)

"Chanyeol"

အလုပ်ကနေအိမ်ကိုပြန်အရောက် ဧည့်ခန်းအရှေ့ကိုဖြတ်ဖြတ်ချင်း အဖေ့ရဲ့လှမ်းခေါ်သံကြောင့် Chanyeol ဧည့်ခန်းထဲဝင်သွားလိုက်သည်။

"ဘယ်လိုလဲ၊ အဆင်ပြေလား"

ဆိုဖာပေါ်ထိုင်ရုံရှိသေး အဖေမေးလာတဲ့စကားကြောင့် Chanyeol သက်ပြင်းအသာချကာ ခေါင်းခါပြလိုက်မိသည်။ထိုအခါ အဖေ့ဆီကလည်း သက်ပြင်းချသံထွက်လာခဲ့သည်။

အခု Chanyeol တို့လုပ်ငန်း အရှုံးပေါ်နေတာဖြစ်သည်။Park group မှာ အဖေက ဥက္ကဌဆို Chanyeol ကဒုဥက္ကဌ။Park group ပိုင်ရှင်တွေဖြစ်တာမို့ အောင်မြင်မှုဆိုကောင်းကောင်းကြီးခံစားရသလို ကျရှုံးမှုဆိုလည်းတိုက်ရိုက်ခံစားရသည်။

"ရှယ်ယာရှင်တွေဘက်ကရော"

"တဖြည်းဖြည်းထိုးကျနေတယ် အဖေ"

"ဟားးး တရားကျဖို့ကောင်းလိုက်ကြတာ!"

အဖေခံပြင်းသလို Chanyeol လည်းခံပြင်းပါသည်။လုပ်ငန်းရှင်အချင်းချင်း ဖေးမမယ်တော့မရှိဘဲ သူတို့ကသာရာကိုကူးကြသည်။

"တောက်! Park Minho ကို ဒီလိုလွယ်လွယ်နဲ့ဖြုတ်ချလို့ရမယ်များ ထင်နေကြတာလား! ဟက်! ဝေးပါသေးတယ်ကွာ!"

အဖေ့ဒေါသတွေပြင်းထန်နေတာမို့ Chanyeol တိတ်တဆိတ်သာနေနေပေးသည်။

"ကောင်းစားတုန်းက သူတို့ရောမပါခဲ့လို့လား! အခု ငါ့ကိုအာခံသွားတဲ့လူတွေ တစ်နေ့ ငါ့လက်အောက်ပဲပြန်ရောက်လာစေရမယ်!"

"................"

"Chanyeol!"

"ဟုတ်ကဲ့ အဖေ"

"အဖေ တစ်နေ့လုံး တစ်ညလုံး ခေါင်းအေးအေးနဲ့သေချာစဉ်းစားထားတဲ့ ကိစ္စတစ်ခုရှိတယ်၊ အဲ့ဒါကို သားလိုက်နာရမယ်"

"ဘာများလဲ အဖေ"

"သား လက်ထပ်ရမယ်"

Chanyeol ရဲ့မျက်တောင်တွေတဖြတ်ဖြတ်ခတ်ရုံကလွဲ ဘာမှမတုန့်ပြန်မိခဲ့ပါ။

:

Chanyeol ကိုမွေးပြီးပြီးချင်း အမေမီးတွင်းထဲမှာ ဆုံးသွားပြီးကတည်းက အဖေကသာ Chanyeol ကိုကျွေးမွေးစောင့်ရှောက်ခဲ့တာဖြစ်သည်။Chanyeol တို့ကအဖေတစ်ခုသားတစ်ခုပေါ့။

Warm Love (Completed)Where stories live. Discover now