Warm Love-9

625 79 4
                                    

(Unicode)

"အင်းး....."

မျက်နှာပေါ်မှာ ယားကျိကျိဖြစ်နေတဲ့ ခံစားမှုနှင့်အတူ Chanyeol အိပ်ရာမှနိုးလာခဲ့သည်။

ထို့နောက် မျက်လုံးနှစ်လုံးသေချာဖွင့်လိုက်တော့မှပဲ တရားခံကိုသိရတော့သည်။

Hyunလေးရဲ့ ဆံပင်ပျော့ပျော့လေးတွေက Chanyeol ရဲ့မျက်နှာပေါ်မှာတစ်စွန်းတစ်စရောက်နေတာဖြစ်ပြီး ခြေတွေလက်တွေဖြန့်ကား၍ ပိုးလိုးပက်လက်အိပ်နေပုံမှာလည်း ဘေးတစောင်းလေးအိပ်နေတဲ့ Chanyeol ရဲ့ကိုယ်ပေါ်တောင်တက်ဖိတော့မတက်ပင်။

Chanyeol ပြုံးလိုက်မိသည်။မနက်မိုးလင်းမျက်စိနှစ်လုံးဖွင့်တိုင်း ညမိုးချုပ်မျက်စိနှစ်လုံးပိတ်တိုင်း Hyunလေးဟာ Chanyeol ရဲ့အမြင်အာရုံထဲမှာ ပထမဦးနှင့်နောက်ဆုံးဖြစ်နေခဲ့တာ ရက်ပေါင်းအတော်ကြာခဲ့လေပြီ။လနှင့်တွက်မယ်ဆိုရင်တော့ သုံးလနီးပါးလောက်ရှိခဲ့ပြီပေါ့။

ရက်တွေလတွေဘယ်လောက်ပဲကြာကြာ Chanyeol ရဲ့တစ်ဦးတည်းသောအမျိုးသားလေးကတော့ ဖြူဖြူစင်စင်ဖြင့် ချစ်ဖို့ကောင်းနေစဲဖြစ်သည်။ဘယ်လောက်ထိတောင်လဲဆိုရင် အခုအချိန်ထိ ကိုယ့်ကိုယ်ကိုမှလွဲ၍ Hyunလေးကို ဘယ်သူနဲ့မှစိတ်မချနိုင်သေးတဲ့အထိပင်။

"ချစ်ဖို့ကောင်းလိုက်တာ ကိုကို့Hyunလေးရယ်"

အနီးအနားက ဆံနွယ်နံ့သင်းသင်းလေးကို နမ်းရှိုက်ရင်း Chanyeol ရေရွတ်မိသည်။ထို့နောက် ဘေးတစောင်းပုံစံဖြင့်ပင် မွေ့ရာပေါ်လက်ထောက်ပြီး ထိုလက်ပေါ်ခေါင်းတင်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသူလေးကို တစိမ့်စိမ့်ကြည့်ဖြစ်သည်။

အခုဆိုရင် သူနိုးပြီဆိုတာနဲ့ Hyunလေးကိုနှိုးဖို့လည်းမလိုတော့ပါ။Hyunလေးနိုးမှ သူအလုပ်သွားရင်လည်း ဖြစ်နေလေပြီ။လုပ်ငန်းတွေ ပုံမှန်ပြန်လည် လည်ပတ်နေပြီမို့ သူ့မှာ Hyunလေးအတွက်အချိန်ပိုတွေရှိနေပြီဖြစ်သည်။

ရက်ပေါင်းများစွာ မဆုတ်မနစ်ကြိုးစားလိုက်တဲ့ရလဒ်က အခုတော့ အောင်မြင်မှုတွေတောက်လျှောက်ရှိနေပြီး ပင်ပန်းမှုတွေလည်းသက်သာနေခဲ့ပြီ။ရှယ်ယာတွေတိုးလွန်းလို့ ဟန့်တားထားရတဲ့အထိပင်။ရှယ်ယာတိုးတာဟာ ကောင်းတဲ့ကိစ္စပေမယ့် ရှိရင်းစွဲရှယ်ယာရှင်တွေကလည်း ပိုတိုးပြီးရှယ်ယာဝင်လာကြတာမို့ အပြင်လူနှင့် ကိုယ့်လူဆိုရင် ကိုယ့်လူကိုပဲဦးစားပေးရမှာပေါ့။

Warm Love (Completed)Where stories live. Discover now