Warm Love-2

842 124 6
                                    

(Unicode)

နှစ်ဦးနှစ်ဖက် မင်္ဂလာကိစ္စ အပြန်အလှန်ကမ်းလှမ်းပြီး တစ်ပတ်အကြာမှာပင် Baekhyun ရဲ့၁၈နှစ်ပြည့်မွေးနေ့ရောက်လာခဲ့သည်။

ထိုမွေးနေ့ရက်မှာပဲ လက်ထပ်မှတ်ပုံတင်ပြီး မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ဒါဟာ group နှစ်ခုကိုအမြန်ဆုံးပေါင်းစည်းချင်နေပြီဖြစ်တဲ့ ဥက္ကဌ Park ရဲ့ဆန္ဒနှင့် သူ့သားလေးကို Chanyeol လက်ထဲအမြန်ထည့်ပေးချင်နေပြီဖြစ်သော ဥက္ကဌ Byun ရဲ့ဆန္ဒဖြစ်သည်။

အဖြူရောင် suit ဝမ်းဆက်ကို ကျော့မော့နေအောင်ဝတ်ဆင်ထားသည့် Chanyeol ဟာ အပြောင်လှန်တင်ထားတဲ့ ဆံပင်ပုံစံဖြင့် ခန့်ညားချောမောနေသည်။ထူထဲတဲ့မျက်ခုံးတန်းနှစ်ဖက် စူးရှထက်မြတ်နေသောမျက်ဝန်းဝိုင်းတစ်စုံ မြင့်မားတဲ့နှာတံ ပိရိသေသပ်သောနှုတ်ခမ်းထူထူ အချိုအစားကျလှတဲ့မျက်နှာကျ စသည်တို့ပေါင်းစုံလျက် Chanyeol ရဲ့ခန့်ညားချောမောမှုက ပြီးပြည့်စုံသည်။ထို့အပြင် မြင့်မားတဲ့အရပ်နှင့် တောင့်တင်းတဲ့ကိုယ်ဟန်အနေအထားကလည်း Chanyeol ကိုပိုလို့အရှိန်အဝါအပြည့်ဖြစ်စေပါသည်။Chanyeol ဟာလုပ်ငန်းရှင်အသိုင်းအဝိုင်းကြားမှာ အရည်အချင်းရော ရုပ်ရည်ကြောင့်ရော အတော်လေးလူသိများသည်။သမီးရှင်လုပ်ငန်းရှင်တွေနှင့် ရွယ်တူလုပ်ငန်းရှင်အမျိုးသမီးများရဲ့ အနာဂတ်အိမ်ထောင်ဖက်ပုံစံလည်းဖြစ်သည်။အခုတော့လည်း ထိုသို့အစစအရာရာပြီးပြည့်စုံတဲ့လူကို ပိုင်ဆိုင်လိုက်ရသူက အမျိုးသားလေးတစ်ယောက်ဖြစ်နေခဲ့ပါသည်။

Chanyeol နှင့်ဆင်တူ အဖြူရောင် suit ဝမ်းဆက်လေးကိုကြွယွနေအောင်ဝတ်ထားပြီး လည်ပင်းမှာ ဖဲပြားပုံစံ necktie လေးစည်းထားတဲ့ Baekhyun ဟာ လူငယ်ဆန်ဆန်ချောမောနေပြီး တစ်ချိန်တည်းမှာပဲ ချစ်ဖို့ကောင်းနေပါသည်။နှဖူးပေါ်အုပ်အုပ်လေးကျနေသည့် ဆံပင်ပုံစံလေးက ရှိရင်းစွဲအသက်ထက်ပင် ပိုလို့ငယ်သွားပြီး ကလေးတစ်ယောက်ပမာဖြစ်နေသည်။Baekhyun ဟာပကတိအဖြူထည်လေးပင်။

"သတို့သား Park Chanyeol သည် သတို့သား Byun Baekhyun အား ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ နာမကျန်းသည်ဖြစ်စေ သက်ဆုံးတိုင်ရိုးမြေကျ သစ္စာမပျက်ပါဘဲ ချစ်ခင်မြတ်နိုးစွာနဲ့ လက်တွဲသွားပါမည်ဟု ကတိပြုပါသလား"

Warm Love (Completed)Where stories live. Discover now