Warm Love-29

719 86 14
                                    

(Unicode)

Chanyeol ကလက်ခံထားတဲ့ပရောဂျက်တွေကို တစ်ခုချင်းစီပြီးပြတ်အောင်လုပ်နေချိန်မှာ Baekhyun ဟာလည်းမိခင်ဘာသာစကားဖြစ်တဲ့ ကိုရီးယားစာ အရေး၊အဖတ်၊အပြောကို အတော်လေးတက်ကျွမ်းသွားပြီဖြစ်လို့ အင်္ဂလိပ်ဘာသာစကားစသင်နေပြီဖြစ်ပြီး အချိန်ခြောက်လဟာလည်းအလျင်အမြန်ပဲကုန်ဆုံးသွားခဲ့သည်။

Baekhyun ဟာတစ်လမှာတစ်ခါ ဆေးရုံသွားကာ သူ့ဥာဏ်ရည်နှင့်ပတ်သတ်သည့် စစ်ဆေးမှုတွေပြုလုပ်ရပြီး ဆရာဝန်ကြီးက ဥာဏ်ရည်အဆင့်ကိုသတ်မှတ်ပေးလေ့ရှိသည်။အခုဆိုရင် Baekhyun ရဲ့ဥာဏ်ရည်ဖွင့်ဖြိုးမှုဟာ နှစ်နှစ်နီးပါးအတွင်းမှာ အတော်လေးအလျင်အမြန်တိုးတက်လာတာမို့ သူ့ကိုကိုအပါအဝင် သူ့ကိုရင်းနှီးချစ်ခင်ကြတဲ့လူတွေလည်း စိတ်ချမ်းသာနေကြပါသည်။ဆရာဝန်ကြီးဆီကိုသွားပြတဲ့အခါတိုင်း Baekhyun ရဲ့အခြေအနေတွေက တိုးတက်ကောင်းမွန်လာတာပဲရှိသည်။

တစ်ခုပဲ တစ်ခါတစ်လေကျရင် Baekhyun ကသူမေ့သွားတဲ့အတိတ်တုန်းကအကြောင်းအရာတွေကို နည်းနည်းချင်းစီသတိရလာတတ်လို့ Chanyeol မှာ Baekhyun မေးလာတဲ့အခါတိုင်း ကြိုတင်စီစဉ်ထားတဲ့အဖြေတွေကိုတစ်ခုချင်းစီချပြနေရပါသည်။

Baekhyun ကိုအမြဲတမ်းကလေးဆန်ပြီးသွက်လက်မယ်လို့သာ ထင်ထားခဲ့ကြသော်လည်း ဥာဏ်ရည်မြင့်လာတာနှင့်အမျှ Baekhyun ကလူကြီးဆန်ပြီး သွက်လက်တာကတော့သွက်လက်မြဲပင်။ကိစ္စတစ်ခုခုဆို ဦးဆောင်ဦးရွက်ပြုချင်တဲ့စိတ်အပြည့်ရှိနေပြီး သူ့အနီးအနားကလူတွေကိုလည်း Baekhyun က Healing ဖြစ်စေသည်။သို့သော် Baekhyun ရဲ့မပြောင်းလဲတာတစ်ခုကတော့ သူ့ကိုကိုကိုချွဲမြဲချွဲတတ်သောအကျင့်လေးဖြစ်သည်။ကလေးဆန်ပြီး ဂျီကျတတ်တာလေးတွေပျောက်သွားခဲ့ပြီး ထိုအစား ဟာသဥာဏ်ပိုကြွယ်လာကာ စနောက်တတ်လာသည်။

ပထမဦးဆုံးမှတ်မိလာတဲ့အတိတ်တစ်ခုအနေဖြင့် Baekhyun ဟာဖေဖေဆိုသောလူပုဂ္ဂိုလ်ကိုအမေးရှိလာသည်။ထိုအခါ Chanyeol ကဓာတ်ပုံalbum လေးတစ်ခုထုတ်ပြပြီး သေချာရှင်းပြပေးခဲ့ပါသည်။ထိုအချိန်က Baekhyun ငိုခဲ့သည်။အဖြစ်အပျက်တွေကိုအတိအကျမှတ်မိလို့မဟုတ်ဘဲ သူ့နှလုံးသားထဲကနေခံစားသိနေ၍ငိုခဲ့ခြင်းဖြစ်သည်။ထို့နောက် မေမေဆိုတာကိုပါထပ်ပြီးမေးပြန်သည်။ထိုနေ့က မိဘဆိုတဲ့ဖြစ်တည်မှုအကြောင်းကို Baekhyun နားလည်လွယ်အောင် Chanyeol သေချာရှင်းပြခဲ့ရတာဟာ တစ်နေ့လုံးနီးပါးကြာခဲ့ပါသည်။

Warm Love (Completed)Where stories live. Discover now