Warm Love-30

754 85 11
                                    

(Unicode)

"လေယာဉ်မစီးချင်ဘူး!"

"လေယာဉ်မစီးချင်ဘူး!"

"လေယာဉ်မစီးချင်ဘူး!"

"လေယာဉ်မစီးချင်ဘူး!"

"လေယာဉ်မစီးချင်ဘူးနော် ယောက်ျား!"

လေယာဉ်သရဲကားကြည့်ပြီးကတည်းက ဂျယ်ဂျူဒိုသွားမှာကို လေယာဉ်မစီးချင်ဘူးချည်းပဲလုပ်နေတဲ့ Hyunလေးကြောင့် Chanyeol ခေါင်းခဲနေရလေပြီ။လေယာဉ်နဲ့ဆို တစ်နာရီနီးပါးလောက်ပဲရှိတဲ့ခရီးကို ကားဖြင့်သွားမယ်ဆိုလျှင် ခြောက်နာရီနီးပါးလောက်ကြာမည်ဖြစ်သည်။လမ်းမှာနားတာနဲ့ဘာနဲ့ဆိုလျှင် ရှစ်နာရီလောက်ကတော့သေချာပေါက်ကြာလိမ့်မည်။ခရီးပန်းမှာစိုး၍ Chanyeol ကားဖြင့်မသွားချင်ပါ။

"လေယာဉ်နဲ့ကမြန်တယ် Hyunလေးရဲ့၊ ပင်လယ်ကိုမြန်မြန်ရောက်တော့ ရေမြန်မြန်ဆော့လို့ရတာပေါ့၊ မဟုတ်ဘူးလား"

"ဟင့်အင်း Hyunကြောက်တယ် ယောက်ျားရဲ့၊ လေယာဉ်မစီးဘူးနော် ယောက်ျားနော်"

သနားစဖွယ်မျက်နှာငယ်လေးလုပ်ပြနေတာမို့ Chanyeol လည်းစိတ်ပျော့ချင်လာရလေပြီ။သို့သော်လည်း ကားဖြင့်ခရီးကအတော်လေးပင်ပန်းလိမ့်မည်။

"ကားနဲ့ဆို ခရီးအကြာကြီးသွားရပြီး ပင်ပန်းမှာ ကလေးရဲ့၊ လေယာဉ်ကဘာမှကြောက်စရာမရှိဘူး၊ အဲ့ဒါက ရုပ်ရှင်ကားပဲလေ၊ အပြင်မှာတကယ် အဲ့လိုမျိုးတွေမရှိဘူး၊ နောက်ပြီး Hyunလေး လေယာဉ်တစ်ခါမှမစီးဖူးဘူးမလား၊ မစီးကြည့်ချင်ဘူးလား၊ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာနော်"

"ဟင့်အင်း! မစီးကြည့်ချင်ဘူး"

Chanyeol ဘယ်လိုပြောပြောကို Hyunလေးကလက်မခံပါ။ထို့ကြောင့် နောက်ဆုံးတော့လည်း...

"ကားနဲ့သွားတော့လည်း ခရီးလမ်းဗဟုသုတရတာပေါ့သားရဲ့၊ ကောင်းပါတယ်"

"ကိုယ်တို့ ကားကိုတစ်ယောက်တစ်လှည့်စီမောင်းကြတာပေါ့"

"ဟုတ်တယ်၊ အဲ့ဒါဆို သိပ်မပင်ပန်းတော့ဘူးလေ"

အဖေရော ခရီးအတူလိုက်မယ့် Dojin နှင့် Minjun တို့ကပါ Hyunလေးဘက်ကပါနေကြတာမို့ ဂျယ်ဂျူဒိုကိုကားဖြင့်သွားရန်သာဆုံးဖြတ်လိုက်ရတော့သည်။

Warm Love (Completed)Where stories live. Discover now