Warm Love-3

738 98 2
                                    

(Unicode)

မနက်မိုးလင်းလို့ Chanyeol အိပ်ရာကနိုးလာတဲ့အချိန်ထိ သူ့ရင်ခွင်ထဲမှာ သူ့လက်မောင်းကိုခေါင်းအုံးထားတဲ့ Baekhyun ကတော့အိပ်ကောင်းနေစဲပင်။ညက Baekhyun ကိုသိပ်ရင်း Chanyeol နောက်ကျမှအိပ်ရတာမို့ ပုံမှန်အိပ်ရာထချိန်ထက် နောက်ကျနေသည်။

ရင်ခွင်ထဲတိုးဝင်ပြီးအိပ်စက်နေတဲ့ အကောင်ပေါက်လေးကိုကြည့်ရင်း Chanyeol ပြုံးမိသည်။မနက်ခင်းဟာ ကြည်နူးစရာအပြည့်နှင့်ပင်။

Hyunလေးမနိုးအောင် ရင်ခွင်ထဲမှသေသေချာချာလေးထုတ်ပြီး ခေါင်းအုံးအပေါ် ခေါင်းချပေးကာအိပ်စေလိုက်ပါသည်။ထို့နောက် Chanyeol အောက်ထပ်ကိုဆင်းခဲ့လိုက်သည်။

Chanyeol အောက်ထပ်ရောက်တော့ အလုပ်သွားဖို့ပြင်ဆင်ပြီး အခန်းထဲမှထွက်လာသည့် အဖေဖြစ်သူနဲ့တွေ့သည်။

"အဖေ"

"ဟော သား၊ ဘာမှ မပြင်ရသေးပါလား"

"အဲ့ဒါပြောမလို့အဖေ၊ ကျွန်တော် အစည်းအဝေးအမှီလာခဲ့မယ်လေ၊ အခု Hyunလေးကမနိုးသေးတော့ သူနိုးလာလို့ သူ့အနားမှာရင်းနှီးတဲ့လူတွေရှိမနေရင် လန့်နေမှာ၊ အဲ့ဒါကြောင့် ဒေါ်ကြီးတို့နဲ့ရင်းနှီးအောင်လုပ်ပေးခဲ့မလို့"

"ဟုတ်တာပဲ၊ ဒါနဲ့ ကလေးက ချက်ချင်းကြီးရင်းနှီးနိုင်ပါ့မလား"

"ကြိုးစားကြည့်ရမှာပေါ့ အဖေရာ၊ မဟုတ်ရင်လည်း ရုံးကိုဒီနေ့တစ်ရက်ခေါ်လာခဲ့မယ်လေ၊ နောက်နေ့တွေကျ အဖေအရင်လိုအိမ်မှာရှိမှာဆိုတော့ အဆင်ပြေလောက်တယ်မလား"

Chanyeol ရဲ့စကားကို အဖေက ခေါင်းညိမ့်ထောက်ခံသည်။

"အင်းအင်း အဲ့ဒါဆိုလည်း နောက်မှလိုက်ခဲ့တော့၊ တကယ်လို့ ကလေးအိမ်မှာကျန်ခဲ့မယ်ဆိုရင်လည်း အဒေါ်ကြီးနဲ့ ကလေးကိုသေချာအပ်ခဲ့ဦးနော်"

"ဟုတ်ကဲ့ပါ အဖေ"

"ဒါဆို အဖေသွားပြီ"

"မနက်စာမစားတော့ဘူးလား အဖေ"

"အခု အလုပ်ကပိုအရေးကြီးနေတယ်ကွာ၊ ရုံးရောက်မှပဲစားတော့မယ်"

ခပ်သွက်သွက်လေး အိမ်ထဲမှထွက်သွားသည့် အဖေဖြစ်သူကြောင့် Chanyeol သက်ပြင်းချမိရင်း အပေါ်ထပ်ကိုပြန်တက်သွားလိုက်သည်။

Warm Love (Completed)Where stories live. Discover now