Warm Love-31

720 77 13
                                    

(Unicode)

"ယောက်ျား.."

"ယောက်ျား..ထတော့လေ"

"ရေဆော့ကြမယ်လို့..."

"ကိုကို ယောက်ျားရေ...ခစ်ခစ်"

Chanyeol ရဲ့နားထဲခေါ်သံတိုးတိုးလေးတွေကိုကြားနေရပြီး မျက်နှာထက်မှာယွစိယွစိခံစားချက်လေးတွေခံစားနေရ၍ ခန္ဓာကိုယ်ကလည်းလေးလံနေတာမို့ အိပ်နေရာမှနိုးသွားခဲ့သည်။

"အင်းး......."

"ယောက်ျား နိုးပြီလား၊ မျက်လုံးဖွင့် သေချာဖွင့်"

"ဟင် အင်း..."

လက်ချောင်းနွေးနွေးလေးတွေဖြင့် မျက်လုံးနှစ်လုံးကိုအတင်းဆွဲဖွင့်ခံနေရတာမို့ လေးလေးပင်ပင်နဲ့ပဲဖွင့်လိုက်တော့ အမြင်အာရုံထဲဝင်လာတာက တစ်ဦးတည်းသောလေးရဲ့ အိပ်ရာနိုးခါစမျက်နှာကြည်ကြည်လေးဖြစ်သည်။

"နိုးပြီလားဟင် ယောက်ျား"

"အဟွန်း! အင်း"

ပက်လက်အိပ်နေတဲ့သူ့ကိုယ်ပေါ်ကို တက်ဖိပြီးအုပ်မိုးထားတဲ့ ကိုယ်လုံးနွေးအိလေးကို Chanyeol ခါးလေးကနေသိုင်းဖက်ထားလိုက်သည်။

"Hyunက နိုးနေတာကြာပြီ ယောက်ျားရဲ့"

"ဟုတ်လား၊ ပြောပါဦး ဘယ်အချိန်ကနိုးတာလဲ"

အိပ်ရာနိုးခါစမို့ ဩရှရှ Chanyeol ရဲ့အသံကခပ်အက်အက်ဖြစ်နေသည်။

"အချိန်က အင်း...ခုနစ်နာရီထိုးပြီး ဆယ့်ငါးမိနစ်မှာ Hyunနိုးတာ"

ခုတင်ဘေး စားပွဲပေါ်ကနာရီကို Chanyeol ခေါင်းစောင်းကြည့်လိုက်တော့ ရှစ်နာရီထိုးနေပြီဖြစ်သည်။နေပါဦး ဒါဆို ဒီလေးဆယ့်ငါးမိနစ်အတွင်း သူ့ကလေးလေးဘာတွေလုပ်နေပါလိမ့်။

"ကြာနေပြီပဲ၊ ကိုကို့ကိုတစ်ချိန်လုံးနှိုးနေတာလား ကလေးလေး"

"ဟုတ်ဘူး၊ ယောက်ျားကို ခုနလေးတင်မှ နှိုးတာ"

"ဒါဆို ကိုကို့ကိုမနှိုးခင် Hyunလေး အရင်နိုးတော့ဘာတွေလုပ်နေလဲ၊ ပြောပြပါဦး"

ကလေးလေးက Chanyeol ရဲ့ရင်ဘက်ပေါ်ခေါင်းလေးစောင်းပြီးမှီချလာတာမို့ ထိုခေါင်းလုံးလုံးလေးကို လက်တစ်ဖက်ဖြင့်ပွတ်ပေးလိုက်ပြီး ကျန်လက်တစ်ဖက်ကတော့ ခါးသိမ်သိမ်လေးကိုသာသိုင်းဖက်မြဲသိုင်းဖက်ထားလိုက်သည်။

Warm Love (Completed)Where stories live. Discover now