(Unicode)
စိတ်ထိခိုက်စရာကိစ္စတွေပြီးသွားတော့ မုန်တိုင်းကင်းစင်သွားသည့်ပင်လယ်ပြင်နှယ် သူတို့ရဲ့နေ့ရက်တွေဟာလည်း ပုံမှန်အတိုင်းပဲ အေးချမ်းသာယာစွာဖြင့် တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးပါသည်။
ခုတင်ပေါ်မှာ ခြေကားယားလက်ကားအိပ်နေတဲ့ ကလေးငယ်အား အင်္ကျီဝတ်နေရာမှ Chanyeol ချစ်စနိုးဖြင့်ကြည့်မိသည်။ဒီကလေးလေး အရင်ရက်တွေတုန်းကဆို Chanyeol နဲ့အတူတူနိုးတာပါ။ညက အိပ်ရာဝင်လည်းနောက်မကျပါဘဲ ဘာလို့ မနိုးသေးပါလိမ့်။
ကုတ်အင်္ကျီထပ်မဝတ်ခင် အိပ်နေတဲ့ကလေးလေးရဲ့အနားကို Chanyeol တိုးသွားလိုက်သည်။ထို့နောက် ကိုယ်ကိုကိုင်းကာ ကလေးငယ်ရဲ့နှဖူးပြင်အား လက်ဖဝါးဖြင့်အသာစမ်းကြည့်လိုက်တော့ သာမန်အပူချိန်ပဲရှိနေ၍သာ တော်ပါသေးသည်။
Chanyeol နာရီကိုကြည့်လိုက်တော့ အလုပ်ချိန်ကနီးနေလေပြီ။အမှန်တော့ ဒီနေ့က Chanyeol ရဲ့နားရက်ဖြစ်သလို Hyunလေးရဲ့နားရက်လည်းဖြစ်သည်။သို့ပေမယ့်လည်း မဖြစ်မနေခေါ်ရမည့်အရေးကြီးအစည်းဝေးတစ်ခုရှိနေ၍သာ ကုမ္ပဏီသို့နေ့တစ်ပိုင်းသွားရခြင်း။မနေ့က ထိုကိစ္စကိုပြောပြတော့ သူနဲ့တစ်နေ့လုံးမရှိရလို့ဆိုပြီး Hyunလေး နှုတ်ခမ်းစူတာကိုမှတ်မိသေးသည်။စိတ်ဆိုးနေလို့များ တမင်မထဘဲနေနေသလား။
"Hyunလေး"
"................"
"ကလေးလေး ကိုကိုအလုပ်သွားရတော့မယ်"
အိပ်နေသူလေးကိုမနှိုးချင်ပေမယ့်လည်း သူလေးကိုအသိမပေးဘဲသွားရင် ရွှေစိတ်တော်ညှိုးနေပေဦးမည်။
"Hyunလေး"
"အွန်းးး ဟင့်!"
"ကိုကိုအလုပ်သွားရတော့မယ် ကလေးငယ်ရဲ့၊ နေ့လည်ထမင်းစားချိန်အရောက်ပြန်လာခဲ့မှာ သိလား၊ Hyunလေး ကိုကို့ကိုထမင်းစားစောင့်လည်းရတယ်"
ထိုအခါ Chanyeol ရဲ့ဆန့်ကျင့်ဘက်ကို ကိုယ်လေးလှည့်သွားတဲ့ ကလေးလေး။
"Hyunလေး"
"................"
"ကလေးလေး အိပ်ချင်နေတုန်းပဲလား၊ ဗိုက်မဆာဘူးလားဗျာ"
YOU ARE READING
Warm Love (Completed)