Warm Love-16

642 94 10
                                    

(Unicode)

မနက်ခင်း၏ မနက်စာစားပွဲဝိုင်းဟာ ဇွန်းသံပန်းကန်သံတို့ဖြင့် အသံစုံနေသည်။

"sausage စားမှာလား"

Chanyeol မေးလိုက်တော့ Hyunလေးက ခေါင်းတဆတ်ဆတ်ညိမ့်ပြသည်။

"Hyunဘာသာ.."

"အင်း စားပါဗျာ"

သူ့ဘာသာစားချင်တယ်ဆိုသူလေးကြောင့် sausage ကိုခက်ရင်းမှာထိုးပြီး Chanyeol ပေးလိုက်တော့ ခက်ရင်းကိုလက်ကလေးဖြင့်ကိုင်ပြီး sausage အားတတိတိကိုက်စားနေသည်။

"အဖေ၊ ကျွန်တော်ပြောစရာရှိလို့"

"အေး ပြောလေ"

သူ့စကားကို အဖေက မနက်စာစားနေရာမှပြန်ဖြေသည်။

"နောက်သုံးရက်နေရင် Hyunလေးမွေးနေ့ရောက်တော့မှာလေ နောက်ပြီး အဲ့ဒီနေ့က ကျွန်တော်တို့နှစ်ယောက်လက်ထပ်တာ တစ်နှစ်ပြည့်တဲ့နေ့မို့လို့ အဲ့ဒါ အိမ်မှာ dinner party သဘောမျိုးလုပ်ချင်လို့"

"အင်း၊ Jay ပြောပြလို့ Baekhyunလေး မွေးနေ့ရှိတာကိုတော့သိပြီးပါပြီ anniversary ရှိတာကိုတော့ အခုမှသိရတယ်၊ ဟုတ်တာပဲ Baekhyunလေးမွေးနေ့မှာ လက်ထပ်ခဲ့ကြတာကို အဖေမေ့နေတာ"

"party ကိုအိမ်ရှိလူလောက်ပဲလုပ်ချင်လို့ anniversary ဆိုတာကိုတမင်ထည့်မပြောလိုက်တာပါ၊ Hyunလေးကလည်းလူရှုပ်တာကိုမကြိုက်လို့လေ၊ ဒါနဲ့ အဖေနဲ့ Dojin နဲ့က နေ့တိုင်းနီးပါးအဆက်အသွယ်ရှိကြတာလား"

Chanyeol မေးလိုက်တော့ အဖေကပြုံးပြုံးပြုံးပြုံးဖြင့်ခေါင်းညိမ့်ပြသည်။

"အေးကွာ၊ အဖေ့ရဲ့ message app ကလည်း Jay ကြောင့်သာ စိုစိုပြေပြေဖြစ်နေတာ၊ သားနဲ့အိမ်မှာနေ့တိုင်းတွေ့ဖြစ်ပေမယ့် သူ့လောက်တောင်အကြောင်းအရာစုံစုံလင်လင်မပြောဖြစ်ဘူး၊ Jay နဲ့ခင်မင်နေတာက အဖေနောက်ထပ်သားတစ်ယောက်ထပ်ရလိုက်သလိုပါပဲ"

"အဟွန်း! အဖေကလည်း အိမ်မှာသားနှစ်ယောက်တောင်ရှိနေတာကို နောက်ထပ်သားတစ်ယောက်ထပ်လိုချင်နေသေးတယ်၊ Hyunလေးလိုချစ်စရာကောင်းတဲ့သားလေးရထားတာကို"

"Baekhyunလေးက သားမဟုတ်ဘူးကွ၊ ငါ့မြေးလောက်ရှိတယ်"

"အဖေရယ် ကျွန်တော်အသက်နှစ်ဆယ်နဲ့အိမ်ထောင်ပြုရင်တောင် Hyunလေးအရွယ်ကလေးမျိုးမရပါဘူး"

Warm Love (Completed)Where stories live. Discover now