(Unicode)
"အယ် Baekhyun ဒီနေ့ရောသင်တန်းကနေ့တစ်ဝက်ပဲလား"
"အထဲမှာရှိလား"
"ဥက္ကဌလား ရှိပါတယ်၊ ဟို....."
ကျွီ!
သူမရဲ့စကားတောင်ဆုံးအောင်နားမထောင်ဘဲ Baekhyun ကဥက္ကဌအခန်းထဲကိုဝင်သွားသည်။မျက်နှာပြင်တစ်ခုလုံးနီရဲနေပြီး အသက်ရှူသံတွေလည်းပြင်းနေတာမို့ မကောင်းတာတစ်ခုခုဖြစ်လာတယ်ဆိုတာကို သူမခန့်မှန်းမိလိုက်ပါသည်။သူမအနေဖြင့် ပြဿနာကသေးပါစေလို့သာ ဆုတောင်းမိသည်။မဟုတ်ရင် Baekhyun ကိုဆို မျက်နှာတစ်ချက်တောင်အညှိုးမခံဘဲ သဲသဲလှုပ်ချစ်သည့် ဥက္ကဌဖြစ်သူနဲ့ကလွယ်မှာမဟုတ်။
:
ဂျောက်!
အခန်းတံခါးပိတ်သံကြောင့်မော့ကြည့်လိုက်တော့ သူ့ရဲ့တစ်ဦးတည်းသောလေးဖြစ်နေသည်။Chanyeol အံ့ဩသွားရပြီး
"Hyunလေး သင်တန်းကနေ့တစ်ဝက်ပဲလား"
"..............."
ပြန်မဖြေတဲ့ကလေးငယ်က သူ့ကိုသာမလှုပ်မယှက်ငေးစိုက်ကြည့်နေပြီး အသက်ရှူသံတွေလည်းပြင်းနေတာမို့ Chanyeol ထိုင်နေရာမှအလျင်စလိုထပြီး သူလေးအနားကိုပြေးသွားမိသည်။
"ဘာဖြစ်လို့တုန်း တစ်ခုခုဖြစ်လာတာလား"
မျက်နှာလေးရယ် လက်ကလေးတွေရယ်ကို စစ်ဆေးကြည့်ရှူပြီး Chanyeol မေးကြည့်ပေမယ့်လည်း ကလေးငယ်ကတုပ်တုပ်တောင်မလှုပ်။
"မောနေတာလား ကလေးလေး၊ လာ ကိုကိုတို့ထိုင်ကြမယ်"
ထိုအခါ သူ့လက်ထဲကနေအသာရုန်းထွက်သွားပြီး ကလေးငယ်က ဆိုဖာခုံမှာသွားထိုင်သည်။သူ့ကိုတစ်ခုခုများစိတ်ဆိုးနေတာလား။ဘာကိစ္စများလဲ။Hyunလေးရဲ့ဘေးနားမှာ Chanyeol အလျင်အမြန်သွားထိုင်လိုက်ပြီး လက်ကလေးနှစ်ဖက်ကိုသူ့လက်ထဲထည့်ကာဆုပ်ကိုင်ထားလိုက်သည်။Chanyeol ကသာ မျက်လုံးချင်းဆုံအောင်လိုက်ကြည့်နေပေမယ့် Hyunလေးရဲ့အကြည့်တွေကတော့ ကြမ်းပြင်ဆီမှာသာ။
"ဘာဖြစ်လို့လဲ ကလေးရယ်၊ တစ်ခုခုဖြစ်လာတာလား၊ ဒါမှမဟုတ် ကိုကို့ကိုစိတ်ဆိုးနေတာလား၊ ကိုကိုဘာလုပ်ပေးရမလဲ ပြော Hyunလေး၊ ဒီလိုကြီးတော့မနေပါနဲ့ကွာ ကိုကိုစိတ်တွေပူလို့"
YOU ARE READING
Warm Love (Completed)