Warm Love-extra

594 80 10
                                    

(Unicode)

"ကိုကိုရှိလား အစ်မ"

"ဪ Baekhyun၊ ဥက္ကဌက အစည်းဝေးခန်းထဲမှာ၊ သိပ်ပြီးအရေးမကြီးလို့ အစ်မတောင်မလိုက်ရဘူး၊ ခဏနေပြီးတော့မှာပါ"

"ဟုတ်၊ ဒါဆို ကျွန်တော်အထဲမှာဝင်​စောင့်နေလိုက်ဦးမယ်"

"အွန်းအွန်း ဒီနေ့ သင်တန်းမရှိဘူးလား"

"နေ့တစ်ဝက် အစ်မ"

"ဪ အင်းပါ အင်းပါ"

လက်ပတ်နာရီကို Baekhyun တစ်ချက်ကြည့်လိုက်ပြီး

"အခုက နေ့လည်စာစားချိန်ဆိုတော့ အစ်မ နေ့လည်စာသွားစားလိုက်တော့လေ"

"အဲ့လိုလုပ်လိုက်ရမလား"

"ဟုတ်ကဲ့ အစ်မ"

"အစ်မသောက်စရာတစ်ခုခုလုပ်ပေးရဦးမလား Baekhyun"

"ကိုကိုလာရင်နေ့လည်စာစားတော့မှာဆိုတော့ မလုပ်နဲ့တော့ အစ်မ၊ နေ့လည်စာကောင်းကောင်းစားပါ"

"ဟုတ်ကဲ့ပါရှင်"

အတွင်းရေးမှူးအစ်မကိုခပ်ပြုံးပြုံးဖြင့် ခေါင်းညိမ့်ပြပြီးတော့မှသာ ကိုကို့အလုပ်ခန်းထဲကိုဝင်ခဲ့လိုက်သည်။

ကိုကို့ရုံးခန်းလေးက အမြဲတမ်းသပ်သပ်ရပ်ရပ်ရှိပြီး လေထုထဲမှာကိုကို့ရဲ့ကိုယ်သင်းနံ့လေးတွေလည်းပါနေသည်။ရုံးခန်းထဲမှာကိုကိုမရှိတာတောင် ကိုကိုပိုင်တဲ့နေရာဆိုတဲ့အသိကြောင့် Baekhyun ရဲ့စိတ်လေးနွေးထွေးလုံခြုံရပါသည်။ကိုကိုက Baekhyun အတွက် ထိုသို့ အရေးပါအရာရောက်သူတစ်ယောက်ဖြစ်သည်။

ကိုကို့အလုပ်ခုံမှာထိုင်လိုက်တာနဲ့ စားပွဲပေါ်ရှိ photo stand ထဲမှလူက Baekhyun ကိုခပ်ပြုံးပြုံးဖြင့်ကြိုဆိုနေသည်။ထိုလူကတခြားလူတော့မဟုတ် Baekhyun ပဲဖြစ်သည်။ကိုကိုပြောဖူးတာတစ်ခုရှိသည်။အလုပ်တွေပင်ပန်းတဲ့အချိန်တိုင်း Baekhyun သူ့အနားမှာရှိမနေတဲ့အခါ ဖုန်းထဲက Baekhyun ရဲ့ပုံတွေနှင့် အလုပ်စားပွဲပေါ်က ဓာတ်ပုံလေးကိုကြည့်ပြီး စိတ်အပန်းဖြေရသည်တဲ့လေ။

ကိုကို Baekhyun ကိုသိပ်ချစ်တယ်ဆိုတာကို Baekhyun မပြောနဲ့ ဘေးလူတွေတောင်သိပါသည်။Baekhyun နှင့်ပတ်သတ်ရင် ကိုကိုက ကဲသဲလွန်းလို့ ကဲကဲသဲသဲစုံတွဲလို့တောင် အကုန်လုံးကသတ်မှတ်ထားကြသည်။ဘာပဲဖြစ်ဖြစ် Baekhyun ကတော့ ကိုကို့ရဲ့ သဲသဲလှုပ်ခြင်းခံရတာကို အရမ်းအရမ်းကြိုက်ပါသည်။Baekhyun ကလေးဆန်ရတာကိုမကြိုက်ပါ။သို့သော် ကိုကိုတစ်ယောက်တည်းအတွက်တော့ Baekhyun ကထာဝရကလေးလေးပဲ။

Warm Love (Completed)Where stories live. Discover now