Warm Love-5

639 98 3
                                    

(Unicode)

"ကို..ကို"

ခေါ်သံသဲ့သဲ့လေးကြောင့် Chanyeol မှာထိုင်နေရာကနေ ဖင်ကြွနိုင်ဖို့ အတော်လေးအားယူနေရသည်။အဖေ့ကိုကြည့်လိုက်တော့လည်း အဖေကကော်ဖီသောက်နေရာကနေခေါင်းခါပြသည်။ကုမ္ပဏီကိုအဖေက အရေးကြီးကိစ္စတွေရှိမှသာသွားပေမယ့် Chanyeol ကတော့နေ့တိုင်းသွားရပါမည်။

Hyunလေးကိုအသိပေးပြီးမှ အလုပ်သွားချင်သည့် သူ့အမှားလို့ပဲပြောရလေမလား။မဟုတ်သေးဘူး။Hyunလေးနိုးလာလို့ သူ့ကိုမတွေ့ရင် ငိုနေမှာကို Chanyeol သိသည်။ဒါကြောင့် သေချာပြောပြပြီးတော့မှသာ အလုပ်သွားချင်သည်။

"ကိုကိုက မကြာဘူး ပြန်လာမှာ Hyunလေးရဲ့၊ ဒီမှာ ဦးဦးနဲ့ဒေါ်ဒေါ်လည်းရှိတယ် ဦးလေးPark လည်းရှိတယ်လေ၊ Hyunလေးနဲ့အတူတူဆော့ပေးမှာ၊ မုန့်တွေလည်းကျွေးမှာ"

"...Park.."

"အင်း ဟုတ်တယ်၊ ကိုကို့အဖေလေ"

Hyunလေးက တစ်ခဏငြိမ်သွားပြီးတော့မှ ခေါင်းခါပြပြီး Chanyeol ရဲ့လက်ကောက်ဝတ်ကိုသာ လက်ကလေးနှစ်ဖက်ဖြင့်ဆွဲထားသည်။

"ရတယ် သား၊ အဖေရှိတယ် အလုပ်နောက်ကျနေမယ် သွားတော့၊ Baekhyun လေး ဦးလေးPark နဲ့အတူ အရုပ်တွေနဲ့ဆော့မယ် လာ"

"..ဟင့်..အင်း.."

အဖေက Hyunလေးကို ပုခုံးကနေမထူဖို့ပြင်တော့ Hyunလေးကရုန်းပြီး Chanyeol ရဲ့ပေါင်ပေါ်မှာ တိုးဝင်ထိုင်သည်။နောက်ပြီး Chanyeol ရဲ့လည်တိုင်ကိုလည်းတင်းတင်းဖက်တွယ်ထားသေးသည်။

"ဒေါ်ဒေါ်လည်းရှိတယ်လေ Hyunလေးရဲ့၊ ကာတွန်းကားကြည့်ကြမယ်လေ"

"လာ ဦးလေးPark နဲ့ဆော့မယ်၊ ကိုကိုအလုပ်သွားပါစေ၊ အရုပ်လေးတွေသွားယူပေးမယ်နော်"

ပြောပြောဆိုဆိုဖြင့် အဖေကထမင်းစားခန်းထဲမှထွက်ပြီး အပေါ်ထပ်တက်သွားသည်။

"ဦးဦးလည်းရှိတယ်၊ ဦးဦးနဲ့ ခြံထဲကဒန်းလေးအနားမှာဆော့ကြမယ်လေ"

"ကိုကိုပြန်လာမှာ Hyunလေးရဲ့ ခဏပဲလေ၊ ဒီလိုလုပ် နေ့လည်တစ်ခေါက်ပြန်လာခဲ့မယ်၊ တကယ်ကို ခဏလေးပဲ"

သူ့ကိုချော့ပြောနေသူတွေကို Hyunလေးက မျက်နှာငယ်လေးဖြင့် တစ်လှည့်စီလိုက်ကြည့်နေသည်။ထိုအခိုက် Chanyeol ရဲ့ရင်ထဲစူးခနဲဖြစ်သွားတာမို့ ပေါင်ပေါ်ကကိုယ်လုံးလေးကို ခပ်တင်းတင်းဖက်လိုက်မိပါသည်။

Warm Love (Completed)Where stories live. Discover now