Warm Love-4

709 99 5
                                    

(Unicode)

ကုမ္ပဏီရဲ့ကားပါကင်ကိုရောက်တော့ Chanyeol ကားပေါ်ကနေအရင်ဆင်းလိုက်ပြီးမှ Lover seat မှာထိုင်နေတဲ့ Baekhyun ကိုလည်းတံခါးဖွင့်ပေးကာ ကားပေါ်မှဆင်းစေလိုက်သည်။

ထို့နောက် ဖိုင်တွဲကိုလက်တစ်ဖက်ကကိုင်ကာ Hyunလေးကိုလက်တစ်ဖက်ကဆွဲရင်း ကုမ္ပဏီထဲကိုဝင်သွားလိုက်သည်။Chanyeol ကုမ္ပဏီကိုရောက်တော့ အစည်းအဝေးစဖို့၁၅မိနစ်သာလိုပါတော့သည်။

သီးသန့်ဓာတ်လှေကားဖြင့်သာ အစည်းအဝေးခန်းရှိရာဆီကို တက်သွားလိုက်သည်။ထိုအချိန်အထိ သူလက်ဆွဲထားတဲ့ကလေးငယ်က သူသွားရာအနောက်ကို ဘေးနားကနေငြိမ်ငြိမ်လေးလိုက်ပါသည်။လူလေးကငြိမ်နေပေမယ့် မျက်ဝန်းညိုတွေကတော့ မအားလပ်နိုင်အောင် လျှောက်ကြည့်လျက်ရှိသည်။

အစည်းအဝေးခန်းရှိရာ သုံးထပ်မြောက်ကိုရောက်တော့ ဓာတ်လှေကားပွင့်ပွင့်ချင်း အစည်းအဝေးခန်းထဲမှထွက်လာသည့် အဖေနှင့်ဥက္ကဌ Byunကိုတွေ့လိုက်ရသည်။

Chanyeol တို့ကိုတွေ့တဲ့အခါ အဖေနှစ်ယောက်ဟာလည်း သူတို့ရှိရာဆီလျှောက်လာသည်။

"ဖေ..."

Hyunလေးရဲ့အသံလေးက အတန်သင့်ကျယ်သည်။သူ့ဖေဖေကိုတွေ့တော့ Chanyeol ရဲ့လက်ကိုဆွဲထားရင်း ခြေထောက်လေးနှစ်ချောင်းက ပြေးသလိုမျိုးလှုပ်ရွနေသည်။

"ဖေ့သားလေး"

ဥက္ကဌ Byunကသူ့သားလေးကိုဖက်လိုက်တော့ Chanyeol လည်းခပ်ပြုံးပြုံးနဲ့ပဲ လက်လွှတ်ပေးလိုက်သည်။

"သားကိုအခုပဲဖုန်းခေါ်တော့မလို့၊ အဖေထင်တယ်၊ ကလေးနေလောက်မှာ မဟုတ်ဘူးလို့၊ အခုလိုခေါ်လာလိုက်တော့လည်းကောင်းပါတယ်"

တစ်ယောက်ကိုတစ်ယောက်ဖက်ထားကြတဲ့ သားအဖနှစ်ယောက်ကိုကြည့်ပြီး အဖေကပြောလာတာမို့ Chanyeol ပြုံးလျက်ခေါင်းညိမ့်ပြလိုက်သည်။

"သားသား ဖေ့ကိုလွမ်းနေတာလား၊ ဖေလည်းလွမ်းပါတယ်ကွာ၊ ကိုကိုနဲ့နေရတာပျော်လား"

သားဖြစ်သူဆီကအဖြေမလာပေမယ့် ပြုံးပျော်နေတဲ့မျက်နှာ​လေးကြောင့် ဥက္ကဌ Byunစိတ်ချမ်းသာရသည်။

Warm Love (Completed)Where stories live. Discover now