Warm Love-final

835 93 14
                                    

(Unicode)

ကမ်းခြေကနေပြန်လာပြီးကြတဲ့နောက်မှာတော့ အရာအားလုံးဟာ ပုံမှန်အတိုင်းပဲပြန်လည် လည်ပတ်သည်။

Chanyeol ဟာအောင်မြင်မှုအနောက်မှာလိုက်လာသည့် အသစ်သစ်သောပရောဂျက်တွေကိုလုပ်ဆောင်ရင်း မိသားစုအပေါ်မှာလည်းတာဝန်ကျေပွန်ရင်းဖြင့် အချိန်တွေကိုကုန်ဆုံးသည်။အိမ်ရာပရောဂျက်အပြီးမှာ PB group ၏ level ဟာတစ်ဆင့်မြင့်သွားခဲ့ပြီး အခုဆိုရင် နိုင်ငံရဲ့ ဒုတိယအကြီးဆုံး စီးပွါးရေး group ဖြစ်နေပြီဖြစ်သည်။အောင်မြင်လာတာနှင့်အမျှ အသစ်အသစ်သောလုပ်ငန်းတွေလည်းအနောက်မှလိုက်လာပြီး ပို၍အောင်မြင်လာဖို့သာရှိပါသည်။

Chanyeol ကထိုသို့စီးပွါးရေးလုပ်ငန်းမှာဆရာတစ်ဆူဖြစ်နေတဲ့အချိန် သူ၏တစ်ဦးတည်းသောအမျိုးသားလေး Baekhyun ဟာလည်း လူငယ်ဘဝကိုသင်တန်းတွေတက်ရင်း လွတ်လပ်ပျော်ရွှင်စွာဖြတ်သန်းနေပါသည်။အင်္ဂလိပ်စာသင်တန်းပြီးသွားတော့ Baekhyun ဝါသနာပါတယ်ပြောတဲ့ ဂျူဒိုသင်တန်းကို Chanyeol ကသေချာစုံစမ်းပြီးအပ်ပေးခဲ့သည်။တခြား ဘာကိုပဲဝါသနာပါပါ Baekhyun လုပ်ချင်တာဖြစ်ချင်တာမှန်သမျှကို Chanyeol ကဖြစ်အောင်လုပ်ပေးဖို့ဆုံးဖြတ်ထားပါသည်။

အချိန်တွေကြာလာတာနှင့်အမျှ Baekhyun ရဲ့အနားမှာရှိတဲ့လူတွေဟာ Baekhyun ကို Chanyeol နည်းတူကဲသဲလာကြသည်။သို့သော် တစ်ယောက်မှတော့ Chanyeol ကိုမမှီကြပါ။Baekhyun ဟာကောင်းမွန်တဲ့ဆုတောင်းတွေဖြင့်မွေးဖွားလာသည့်လူတစ်ယောက်သဖွယ် အကုန်လုံး၏ အလေးပေးဆက်ဆံမှုနှင့်ချစ်ခင်မှုကိုခံရပါသည်။ထိုထဲတွင် Chanyeol ရဲ့အဖေ Baekhyun ရဲ့ယောက္ခမကြီးတောင်အပါအဝင်ဖြစ်သည်။

Baekhyun ရဲ့အဖေနှစ်နှစ်ပြည့်မှာပဲ Chanyeol ဟာ Baekhyun ကို Byun မျိုရိုးမှ Park မျိုးရိုးသို့ပြောင်းလဲစေခဲ့သည်။ဒါဟာ Chanyeol ရဲ့ဆန္ဒနဲ့ထပ်တူကျတဲ့ ဥက္ကဌ Byun ရဲ့ဆန္ဒပဲဖြစ်ပါသည်။ဥက္ကဌ Byun မဆုံးပါးခင်ကထိုသို့ဆန္ဒရှိခဲ့တာဖြစ်သည်။အခုဆိုရင် Baekhyun မှာ ဥက္ကဌ Byun ဆီမှရရှိထားသည့်မိဘအမွေလည်းရှိသလို PB group ၏ဥက္ကဌ Park Chanyeol ရဲ့အမျိုးသား Park Baekhyun အနေဖြင့်ရရှိမည့် ပိုင်ဆိုင်မှုတစ်ဝက်လည်းရှိနေပါသေးသည်။ပိုင်ဆိုင်မှုတွေကိုသာခွဲခြမ်းလိုက်မယ်ဆိုလျှင် Baekhyun ကမှတကယ့်ကို high boss လေးဖြစ်သည်။ကြည်ကြည်ဖြူဖြူပေးထားသည့်ပိုင်ဆိုင်မှုတွေနှင့်ပတ်သတ်ပြီး Chanyeol သူ့အမျိုးသားလေးကို ခဏခဏစနောက်တတ်တာတစ်ခုက

Warm Love (Completed)Where stories live. Discover now