Warm Love-22

654 84 9
                                    

(Unicode)

ပရောဂျက်ကိုလက်ခံပြီးသွားတာနှင့်တစ်ပြိုင်နက် ဥက္ကဌ Chanyeol အပါအဝင် PB group မှဝန်ထမ်းတွေအားလုံး အလုပ်ကို မနားမနေကြိုးစားလုပ်ကြရပါသည်။

Chanyeol ဆိုလျှင် ပိတ်ရက်တွေမှာတောင် ပစ္စည်းအဝင်အထွက်စာရင်းနှင့် ကုန်ကျစရိတ်စာရင်းတွေအတွက် laptop တစ်လုံးဖြင့်အလုပ်လုပ်နေရသည်။ရံဖန်ရံခါလည်း ဆောက်လုပ်ရေးထဲကိုသွားကြည့်ရပါသေးသည်။အိမ်ရာပရောဂျက်ကိုလက်မခံခင်က hotel ပရောဂျက်တစ်ခုလည်းလက်ခံထားသေးတာမို့ နှစ်ခုတိုက်ဆိုင်သွားသည့်အခါ အလုပ်ကပိုလို့များသွားခဲ့သည်။

Dojin နှင့် Minjun တို့နှစ်ယောက်ကတော့ အခွင့်သင့်ရင်သင့်သလို Chanyeol ဆီလာပြီးအကူအညီပေးတတ်ကြသည်။သို့သော် သူတို့မှာလည်းကိုယ်ပိုင်လုပ်ငန်းတွေရှိတာကြောင့် အမြဲလိုလိုတော့မလာနိုင်ကြပါ။ဒုဥက္ကဌ Park ဟာလည်း သားဖြစ်သူကိုသာစကားတစ်ခွန်းမဆိုပေမယ့် အလုပ်ကိုတော့တစ်ပတ်မှာနှစ်ရက်လောက်လာပြီး အခြေအနေကြည့်ပေးပါသည်။

ပရောဂျက်တစ်ခုကိုလက်ခံရသည့်အခါ ကုမ္ပဏီ၏ ဥက္ကဌအပါအဝင် ရာထူးကြီးငယ်ဝန်ထမ်းတွေကသာ အလုပ်များကြရပေမယ့် ရှယ်ယာရှင်တွေကတော့ အေးအေးဆေးဆေးပင်။ရှယ်ယာရှင်တွေရဲ့သဘောသဘာဝက ပိုက်ဆံတစ်ခုသာရင်းနှီးမြှပ်နှံထားရပြီး အကျိုးအမြတ်ဆိုလျှင်အခန့်သားခံစားရကာ အရှုံးဆိုလျှင်တော့ ဦးဆောင်သူကိုသာအပြစ်ဖို့ရန်ပြင်တတ်ကြသည်။အလုပ်နှင့်ပတ်သတ်လျှင်အရှုံးအမြတ်သာသိကြပြီး ထိုအရာတွေအတွက်ပေးဆပ်ရသည့်အရာတွေကိုတော့ စိတ်ထဲမရှိကြပါ။

Chanyeol ကတော့ ဒီတစ်ခေါက်ပရောဂျက်နှင့်ပတ်သတ်ပြီး အများကြီးမျှော်လင့်ထားတာမို့ အစွမ်းကုန်လည်းကြိုးစားနေသည်။သူ့အနေနှင့်ဆိုလျှင် ရာထူး၊စည်းစိမ်တွေဟာအဓိကမဟုတ်ပေမယ့် အဖေလုပ်သူအပေါ် ပေးထားတဲ့ကတိကြောင့် ထိုကတိကိုတည်နိုင်အောင် လုပ်ဆောင်နေရသည်။သူ့အပေါ်အဖေ့ရဲ့ဥပေက္ခာတွေပျောက်ကွယ်သွားဖို့မျှော်လင့်တာဟာ ရည်ရွယ်ချက်ဆိုလျှင် သူ့ကလေးငယ်အပေါ်အဖေ့ရဲ့သဘောထားတွေကိုပြောင်းလဲစေချင်တာကတော့ အဓိကဖြစ်သည်။

Warm Love (Completed)Where stories live. Discover now