Warm Love-12

621 87 6
                                    

(Unicode)

အခုဆိုရင် Byun group နှင့် Park group ဟာရှယ်ယာရှင်အဆင့်ဆက်ဆံရေးမျိုးမဟုတ်တော့ဘဲ ပူးပေါင်းလိုက်ပြီဖြစ်သည်။Byun group နှင့် Park group ပူးပေါင်းထားခြင်းကို PB group ဟူ၍သတ်မှတ်လိုက်ကြသည်။ကိုယ်စီတိုးတက်အောင်မြင်နေပြီးသား group တွေဖြစ်တာကြောင့် အခုလိုပူးပေါင်းလိုက်တဲ့အခါ နိုင်ငံရဲ့ တတိယမြောက်အကြီးမားဆုံး group ဖြစ်လာခဲ့သည်။

PB group မှာ Chanyeol ဟာ group နှစ်ခုမှရရှိထားသော ရှယ်ယာတွေကြောင့် ဥက္ကဌဖြစ်ပြီး လက်ရှိ Park group ရဲ့ဥက္ကဌဟာ ဒုဥက္ကဌဖြစ်သွားကာ Byun group ရဲ့သား Byun Baekhyun ကတော့ တတိယရှယ်ယာအများဆုံးဖြစ်သည်။(AN/ Chanyeol ကသူ့အဖေဆီကရော ဥက္ကဌ Byun ဆီကပါရှယ်ယာတွေရထားတာမို့ နှစ်ခုပူးပေါင်းလိုက်တဲ့ PB group မှာရှယ်ယာများပြီး ဥက္ကဌ ဖြစ်တာပါ)

ဥက္ကဌ Byun ဟာသူပိုင်ဆိုင်သမျှအရာတွေအားလုံးကို ခွဲခြမ်းပေးပြီးနောက် တစ်စတစ်စပြင်းထန်လာတဲ့ ရောဂါအခြေအနေကြောင့်  ဆေးရုံမှာသာနေရတော့သည်။ဥက္ကဌ Byun ဆေးရုံမှာရှိနေစဉ်အတောအတွင်း ကုန်ကျစရိတ်အားလုံးကို Chanyeol ကသာတာဝန်ယူပေးပြီး Baekhyun ရဲ့ပိုင်ဆိုင်မှုအား စိုးစဉ်းမျှမလျော့ပါးစေပါ။

များပြားလာတဲ့အလုပ်တွေနှင့် များပြားလာတဲ့တာဝန်တွေကြောင့် ဥက္ကဌ Park လည်းတစ်ပတ်မှာလေးရက်လောက် ကုမ္ပဏီကိုအသွားအလာလုပ်နေရသည်။ကျန်တဲ့ရက်တွေမှာလည်း Chanyeol နှင့်အလှည့်ကျဆေးရုံကိုလာပေးပြီး သူငယ်ချင်းဖြစ်သူကိုဂရုစိုက်ပေးသည်။အတ္တသမားပီပီ နိုင်ငံရဲ့တတိယမြောက်အကြီးဆုံး group ကိုပိုင်ဆိုင်ထားရပြီမို့ ပျော်ရွှင်နေပါသော်လည်း တစ်ဖက်မှာသူငယ်ချင်းဖြစ်သူက အသည်းအသန်အခြေအနေမို့ စိတ်ဖြောင့်လက်ဖြောင့်ဖြင့်မပျော်နိုင်ဖြစ်နေပါသည်။

ဒီအတောအတွင်း အရာရာဟာအပြောင်းအလဲတွေဖြစ်နေပေမယ့် မပြောင်းလဲတာဆိုလို့ Baekhyun တစ်ယောက်တည်းသာရှိသည်။သူကတော့ သူ့နေ့စဉ်ဘဝဖြစ်တဲ့ အိပ်ခြင်း စားခြင်း ကစားခြင်းအပေါ်မှာသာ အာရုံအပြည့်ရှိပြီး ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကို သတိမထားမိသလို နားလည်နိုင်ခြင်းလည်းရှိမနေပါ။စိတ်မကောင်းစရာအခြေအနေတွေကို Baekhyun နားလည်အောင်လည်းရှင်းပြကြလိမ့်မည်မဟုတ်။

Warm Love (Completed)Where stories live. Discover now