Warm Love-32

729 83 7
                                    

(Unicode)

ကမ်းခြေကိုရောက်ပြီး တတိယမြောက်နေ့ဟာ Baekhyun ရဲ့မွေးနေ့ရက်ဖြစ်သလို Chanyeol နှင့် Baekhyun တို့ရဲ့မင်္ဂလာသက်တမ်းနှစ်နှစ်ပြည့် Anniversary လည်းဖြစ်သည်။

"Happy Birthday၊ မွေးနေ့မှာပျော်ရွှင်ပါစေ ကိုကို့ကလေးလေး"

Chanyeol ရဲ့စကားဆုံးတော့ အိပ်နေရာကနေထထိုင်လိုက်တာချက်ချင်းပင်။

"အွန်! ဒီနေ့ Hyunရဲ့မွေးနေ့လား ယောက်ျား"

ပါးပြင်နုနုလေးနှစ်ဖက်ကိုလက်ခုပ်ထဲထည့်ကာ Chanyeol ပွတ်သပ်လိုက်ပြီး

"ဟုတ်တာပေါ့ဗျာ၊ Hyunလေးရဲ့မွေးနေ့လည်းဖြစ်သလို ကိုကိုတို့နှစ်ယောက်ရဲ့နှစ်နှစ်ပြည့် Anniversary ဆိုလည်းဟုတ်တယ်"

"ဟင် Anniversary! အထိမ်းအမှတ်နေ့လား၊ ဘာ အထိမ်းအမှတ်နေ့လဲ ယောက်ျား"

"ကိုကိုတို့လက်ထပ်ထားတာ နှစ်နှစ်ပြည့်တဲ့နေ့လေ၊ 2years Anniversary"

"ဪ...."

ထိုအခါမှ နားလည်သွားတဲ့ပုံစံဖြင့်ခေါင်းလေးတဆတ်ဆတ်ညိမ့်သည်။

"ပြွတ်စ်!"

အိပ်ရာနိုးခါစမျက်နှာမို့မို့လေးကို အသည်းတယားယားဖြင့် နှာခေါင်းလုံးလုံးလေးအား Chanyeol အသာနမ်းရှိုက်လိုက်တော့ မျက်လုံးလေးမှိတ်ကာငြိမ်ခံသည်။

"ကဲ သန့်ရှင်းရေးလုပ်ကြရအောင်၊ ပြီးရင် မနက်စာသွားစားကြမယ်"

"ယောက်ျား..Hyunက လက်ဆောင်ရမှာလား၊ ဒီနေ့ Hyunရဲ့မွေးနေ့လေ"

သိလိုစိတ်ပြင်းပြစွာဖြင့် ခေါင်းလေးမော့ကာမေးလာတာမို့ Chanyeol ပြုံးရင်းခေါင်းညိမ့်ပြလိုက်သည်။

"ရမှာပေါ့ဗျာ၊ ဒါပေမယ့် လက်ဆောင်မရခင် ကိုယ့်ဘက်ကအရင်ဆုံး သူများကိုမုန့်ကျွေးရမယ်လေ"

"အဲ့ဒါဆို အခု Dojin Hyung နဲ့ Minjun ကို Hyunမုန့်ကျွေးရမှာလား၊ သူတို့ဆီကလက်ဆောင်ရမှာလေ နော်"

"ဟွန်! ဒါဆို ကိုကို့ကိုရော မကျွေးဘူးလား၊ ကိုကိုလည်း ကလေးကိုလက်ဆောင်ပေးမှာလေ"

ထိုအခါ Hyunလေးက Chanyeol ကိုမျက်တောင်လေးတဖြတ်ဖြတ်ခတ်ကာကြည့်ရင်းပြောလာသည်က

Warm Love (Completed)Where stories live. Discover now