Warm Love-18

610 83 16
                                    

(Unicode)

"ဗိုက်ဆာသေးလား Hyunလေး"

"ဟင့်အင်း"

"အဲ့ဒါဆို အခန်းထဲရောက်တာနဲ့ သန့်ရှင်းရေးလုပ်ပြီး အိပ်ကြမယ်နော်"

"ဟုတ်ကဲ့.."

Baekhyun နှင့် စကားတပြောပြောဖြင့် အိမ်ထဲဝင်လာသည့် Chanyeol ကဧည့်ခန်းထဲမှာထိုင်နေတဲ့ သူ့အဖေကို မမြင်ဟန်ဆောင်ပြီးကျော်သွားဖို့ပြင်သည်။သို့​သော်လည်း

"Chanyeol"

အဖေ့ရဲ့လှမ်းခေါ်သံကြောင့် Chanyeol ရဲ့ခြေလှမ်းတွေရပ်သွားရသလို Hyunလေးကလည်း သူ့ခါးကိုခပ်တင်းတင်းဖက်လာသည်။

ဒုဥက္ကဌ Park ကိုတစ်လှည့် သူ့ကိုကိုကိုတစ်လှည့်ဖြင့် မျက်နှာလေးငယ်စွာကြည့်နေသည့် Baekhyun ကနောက်တစ်ခေါက် အော်ကြီးဟစ်ကျယ်ဖြစ်ကြမည်ကို စိုးရိမ်နေသည့်ပုံပင်။

သူ့ရင်ခွင်ထဲက Hyunလေးရဲ့ကျောပြင်လေးကို Chanyeol အထက်အောက်ပွတ်သပ်ပေးလိုက်ရင်း

"ဘာမှမဖြစ်ဘူး Hyunလေး၊ ကိုကိုတို့စကားတွေအကျယ်ကြီးမပြောကြတော့ဘူးနော်၊ အဲ့ဒါကြောင့် မကြောက်နဲ့ ဝမ်းလည်းမနည်းနဲ့ နော်"

Chanyeol နှစ်သိမ့်ပေးလိုက်တော့မှ ခေါင်းလေးတဆတ်ဆတ်ညိမ့်ပြပြီး ရင်ခွင်ထဲကနေ မျက်နှာလေးအနည်းငယ်ဖော်လာသည်။Chanyeol အဖေ့ကိုကြည့်လိုက်ပြီး

"အဖေ ကျွန်တော်တို့ပြဿနာတွေမဖြစ်ဘဲ နေကြရအောင်၊ အရင်အတိုင်းပဲ အေးအေးချမ်းချမ်းလေးလေ"

"မင်း ငါနဲ့အလုပ်ခန်းထဲလိုက်ခဲ့"

"အဖေ"

"အဒေါ်ကြီး! အဒေါ်ကြီး!"

အဖေ့ရဲ့အော်ခေါ်သံကြောင့် မီးဖိုခန်းထဲမှ ဒေါ်ကြီးပြေးထွက်လာပြီး Chanyeol တို့အနားမှာလာရပ်သည်။

"ဟုတ်ကဲ့ သူဌေး"

"Baekhyun ကိုဧည့်ခန်းထဲမှာ ကာတွန်းကားပြပြီးခဏထိန်းထား အဒေါ်ကြီး"

"ဟုတ်ကဲ့ပါ"

"ငါ့နောက်လိုက်ခဲ့ Chanyeol"

ပြောပြီး အဖေကအရင်ထွက်သွားသည်။

သူ့ကိုဖက်တွယ်ထားသည့် Hyunလေးရဲ့လက်ကလေးနှစ်ဖက်အား Chanyeol အသာဖယ်စေလိုက်ပြီး ခေါင်းလေးကိုမေးစေ့လေးမှထိန်းကိုင်ပြီးမော့စေလိုက်ကာ အကြည့်ချင်းဆုံလိုက်သည်။

Warm Love (Completed)Where stories live. Discover now