Warm Love-20

700 86 11
                                    

(Unicode)

စာစစသင်ချင်း ပထမရက်မှာ Baekhyun ဟာဆရာမစကားသေချာနားထောင်ပြီး စာတွေလိုက်လုပ်ပါသော်လည်း ဒုတိယရက်မှာတော့ စာတွေကို ရန်သူသဖွယ်ကြည့်နေလေပြီ။

မျက်နှာလေးရှုံ့မဲ့နေတဲ့ Baekhyun ကသူ့မျက်စိရှေ့က ဆရာမကိုခိုးကြည့်လိုက် ဘာတွေကုန်းရေးလို့ရေးနေကြမှန်းမသိတဲ့ သူ့အတန်းဖော်တွေကို လိုက်ကြည့်လိုက်ဖြင့် သူ့ကိုဆရာမရေးခိုင်းထားတဲ့စာလုံးအား တစ်မျက်နှာပြည့်အောင်မရေးရသေးပါ။

ခဲတံဖင်လေးကို တတိတိကိုက်နေတဲ့ Baekhyun ကစာမရေးရအောင်အကြံထုတ်နေတဲ့ပုံလေးပေါက်နေသည်။ဆရာမကလည်း စာအုပ်ဖတ်နေတာမို့ Baekhyun ဖြစ်နေတဲ့အမူအရာတွေကိုသတိမထားမိ။

မရေးချင်ရေးချင်ဖြင့် ဗ ဆိုတဲ့စာလုံးကို တစ်လုံးချင်းစီအကြီးကြီးတွေချရေးနေတာမို့ သူလေးအကြံကောင်းရသေးပုံမပေါ်ပါ။နောက်ဆုံး စာမျက်နှာတစ်ဝက်လောက်ကျန်တဲ့အခါမှာ အပေါ်စာလုံးတွေထက်ပိုကြီးတဲ့ ဗ အကြီးကြီးတစ်လုံးသာရေးလိုက်ပြီး စာမျက်နှာတစ်မျက်နှာပြည့်စေလိုက်သည်။သူ့လုပ်ရပ်သူမှားမှန်းသိနေတဲ့ Baekhyun ကဆရာမကိုခိုးကြည့်ပြီး စာအုပ်အားအလျင်အမြန်ပဲပိတ်ချလိုက်သည်။

"ဆရာမ"

Baekhyun ခေါ်လိုက်တော့ ဆရာမကစာအုပ်ချပြီးကြည့်လာသည်။

"ဘာလဲ ပြောလေ ကျောင်းသား"

Baekhyun ကလက်ကလေးပိုက်ကာထိုင်နေရာမှထရပ်ပြီး ဆရာမကိုမျက်နှာငယ်လေးဖြင့်ကြည့်လိုက်ရင်း

"ဆရာမ Hyunတောင်းပန်ပါတယ်၊ Hyunကိုစာတွေမရေးခိုင်းပါနဲ့တော့လား၊ Hyunလက်တွေနာလို့ပါ၊ Hyun ကိုကို့ဆီသွားတော့မယ်နော် နော် နော်"

ဆရာမပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိဖြစ်သွားသလို အတန်းဖော်တွေဟာလည်း သဘောတကျဖြင့် အသံတိတ်ရယ်ကြတော့သည်။Baekhyun ကတော့အဆုံးထိ မျက်နှာလေးငယ်ထားတုန်းပင်။

:

"ဘယ်..ဘယ်လို တောင်းပန်တယ်! ဟုတ်လား ဆရာမ"

"ဟုတ်တယ်ရှင့်"

ဆရာမက Baekhyun ပြောပြတဲ့စကားအတိုင်း Chanyeol ကိုပြောပြလိုက်တော့ Chanyeol မှာရယ်ရခက်ငိုရခက်။ဆရာမကလည်း ဆူဖို့နေနေသာသာ အတတ်ကလေးကြောင့် ပြုံးသာပြုံးနေသည်။

Warm Love (Completed)Where stories live. Discover now