Warm Love-23

653 91 13
                                    

(Unicode)

အရေးပေါ်ကားပေါ်ရှိလူနာခုတင်ပေါ်မှာ မျက်လုံးစုံမှိတ်၍ ငြိမ်သက်စွာမေ့မြောနေသော သူ့ကိုကိုအား Baekhyun ကမျက်တောင်မခတ်တမ်းငေးကြည့်နေသည်။သူ့မျက်လုံးတွေဟာ သူ့ကိုကိုရဲ့ခန္ဓာကိုယ်အနှံ့ရွေ့လျားကြည့်နေရုံမှအပ တခြားအရိပ်အယောင်တွေရှိမနေခဲ့ပါ။ဥက္ကဌဖြစ်သူကိုစိတ်ပူနေရတာနဲ့ပဲ ခုံပေါ်မှာမထိုင်ဘဲ ကားကြမ်းပြင်မှာဒူးထောက်၍ထိုင်နေသည့် Baekhyun အားအတွင်းရေးမှူးမလေးလည်းအာရုံမထားမိခဲ့။Baekhyun ရဲ့လက်တွေဟာ သူ့ကိုကိုလှဲအိပ်နေတဲ့ခုတင်ကို အားပြု၍ဆုပ်ကိုင်ထားပါသည်။

ဆေးရုံကိုရောက်တာနဲ့ချက်ချင်းပဲ အဆင်သင့်စောင့်နေတဲ့ခုတင်တွန်းလှဲအပေါ်သို့ လူနာကိုရွေ့ပြောင်းတင်လိုက်ကြပြီး ဆေးရုံခန်းတစ်ခန်းဆီသို့ဦးတည်လိုက်ကြသည်။ဘယ်သူမှပြောစရာမလိုအောင် Baekhyun ကလည်း သူ့ကိုကိုလှဲအိပ်နေသည့်ခုတင်အားတင်းတင်းဆုပ်ကိုင်ပြီးအနောက်ကနေပြေးလိုက်ပါသည်။အခန်းဆီကိုရောက်တာနဲ့ ဆရာဝန်တွေက လူနာကိုသာအခန်းထဲသွင်းသွားပြီး လူနာစောင့်တွေကိုတော့ အပြင်မှာစောင့်နေခိုင်းသည်။Baekhyun ကခုတင်ကိုတင်းတင်းဆွဲထားတော့ အတွင်းရေးမှူးမလေးပဲ ထိုလက်ကိုဆွဲဖြုတ်လိုက်ရသည်။

"ကိုကို.."

"ဥက္ကဌ ဘာမှမဖြစ်ပါဘူး၊ ဆရာဝန်တွေက သတိရလာအောင်ပြန်လုပ်ပေးဖို့ခေါ်သွားတာလေ၊ Baekhyun စိတ်အေးအေးထားနော်"

အတွင်းရေးမှူးမလေးရဲ့စကားကို Baekhyun ကတုန့်ပြန်ခြင်းမရှိဘဲ အခန်းအရှေ့မှာသာတောင့်တောင့်လေးရပ်နေပါသည်။

နာရီဝက်နီးပါးလောက်ကြာပြီးတော့ ဆရာဝန်တွေအခန်းထဲမှပြန်ထွက်လာကြသည်။လူနာဟာ PB group ၏ဥက္ကဌဖြစ်နေတဲ့အခါ ဆရာဝန်သုံးယောက်လောက်အထိ စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြသည်။

"ဒေါက်တာ လူနာရဲ့အခြေအနေလေး"

အတွင်းရေးမှူး လီ မေးလိုက်တော့ ဆရာဝန်ကစိတ်အေးအေးထားရန် ခေါင်းအရင်ညိမ့်ပြသည်။

"လူနာက အားနည်းနေတာပါ၊ ဘာမှကြီးကြီးမားမားတော့မရှိပါဘူး"

Warm Love (Completed)Where stories live. Discover now