Warm Love-17

659 95 13
                                    

(Unicode)

"ကိုကိုနဲ့ လိုက်ရမှာလား"

"အင်း ဟုတ်တယ်၊ လိုက်ရမှာပါဗျာ"

"ဟေးးး Hyunကလိုက်ချင်တာ ခစ်ခစ်"

ပျော်ရွှင်မြူးတူးနေတဲ့ Hyunလေးရဲ့ လက်ကလေးကိုဆွဲပြီး အိမ်အပေါက်ဝကိုဦးတည်လိုက်တယ်ဆိုရင်ပဲ

"ဒါက ဘယ်တုန်း"

အနောက်ဘက်က အဖေ့ရဲ့လှမ်းမေးသံကြောင့် Chanyeol လှည့်မကြည့်ဘဲပြန်ဖြေလိုက်သည်။

"အလုပ်သွားမလို့ပါ အဖေ"

"အလုပ်ကို Baekhyun ကဘာလိုက်လုပ်မှာလဲ၊ ဘာလို့ခေါ်သွားမှာလဲ"

ဒီတစ်ခါမှာတော့ အဖေ့ကို Chanyeol လှည့်ကြည့်လိုက်ပြီး

"Hyunလေးကို မလိုလားတဲ့သူရှိနေတဲ့ဒီအိမ်မှာ ကျွန်တော် ဘယ်လိုမျက်ကွယ်ပြုပြီးစိတ်ချလက်ချထားခဲ့နိုင်မှာလဲ"

"ဘာကွ!"

"Hyunလေးက ကျွန်တော့်အတွက် အလုပ်မပိုပါဘူး အဖေ၊ ကျွန်တော် ခေါ်သွားလို့ရတယ်"

"Park Chanyeol မင်း!"

"ကိုကို!"

အဖေက ဒေါသတကြီးဖြင့် Chanyeol ရဲ့အနားကိုတိုးလာတဲ့အခါ Hyunလေးက အလန့်တကြားဖြင့် ခါးကိုလာဖက်သည်။Hyunလေးရဲ့ ပုခုံးကို Chanyeol ခပ်တင်းတင်းပြန်ဖက်ထားလိုက်ပြီး အဖေ့ကိုကြည့်လိုက်သည်။

"အဖေ ကလေးကိုလန့်အောင်မလုပ်ပါနဲ့၊ ကျွန်တော် အဆင်ပြေလို့ခေါ်သွားတာလေ"

"ဟေ့ကောင်! သူအိမ်မှာကျန်ခဲ့တော့ရော ငါကဘာလုပ်မှာမို့လို့လဲ"

"အခြေအနေတွေကို နားမလည်ချင်ယောင်ဆောင်မနေပါနဲ့ အဖေ၊ မနေ့ကလေးတင် Hyunလေးကိုကွာရှင်းဖို့ ကျွန်တော့်ကို အဖေပြောခဲ့တာလေ၊ ကျွန်တော် စိတ်မချတာမဖြစ်သင့်ဘူးလား"

"................"

"သွားခွင့်ပြုပါဦး အဖေ"

အဖေ့ကိုကျောခိုင်းကာ Hyunလေးကိုခပ်တင်းတင်းဖက်ပြီး ခြေလှမ်းတွေစလိုက်တယ်ဆိုရင်ပဲ အဖေ့ရဲ့စကားသံတွေကအနောက်ကနေကပ်ပါလာခဲ့သည်။

"မင်းကသာ အရာရာပေးဆပ်ပြီးချစ်နေ! သူ့စိတ်ပုံမှန်ဖြစ်တဲ့အခါ အခုလိုမျိုး မင်းအနားကပ်မယ်များထင်နေတာလား! မင်းတို့နှစ်ယောက်လက်ထပ်ထားတာကို မေးခွန်းထုတ်မလာအောင်ဘဲ အရင်ဆုတောင်း! မင်းက စီးပွါးရေးကြောင့် သူ့ကိုယူထားတာကိုသိသွားရင်ရော မင်းရဲ့အချစ်တွေကိုစစ်တယ်လို့ထင်ဦးမှာတဲ့လား! ဟားဟား Park Chanyeol ရယ် မင်းအဖေငါပြောရင် ဘယ်အခါများလွဲဖူးသလဲ! ဟမ်! နောက်မှ လူရွေးမှားပါပြီ မလုပ်နဲ့ ဟေ့ကောင်!"

Warm Love (Completed)Where stories live. Discover now