Warm Love-25

653 88 4
                                    

(Unicode)

အိမ်မှာအနားယူတာ တစ်ပတ်ကြာပြီးတဲ့နောက် Chanyeol အလုပ်ပြန်သွားခဲ့သည်။Chanyeol ရုံးတက်ပြီဆိုတော့ ထုံးစံအတိုင်း သူ့ကလေးလေးရဲ့ ကျောင်းလည်းပြန်ဖွင့်ပြီဖြစ်သည်။

ကျောင်းမတက်တဲ့အချိန်တွေသာ စာမသင်ချင်ဘူးလုပ်တတ်တဲ့ Hyunလေးက တကယ့်တကယ်ကျောင်းပြန်တက်ရတော့လည်း ကျောင်းဝတ်စုံလေးကိုဝတ်ပြီးတက်တက်ကြွကြွနှင့်ပင်။

"ကိုကို"

"ဗျာ"

"Hyunက စာပြန်သင်ရမှာလား"

Hyunလေးမေးချင်တဲ့စကားရဲ့အဓိပ္ပာယ်ကိုနားမလည်၍ Chanyeol ကားမောင်းနေရာမှခဏလှည့်ကြည့်လိုက်ပြီး

"ဟင် ဘာကိုပြောချင်တာလဲ Hyunလေးရဲ့"

ထိုအခါ အတတ်ကလေးကရှင်းပြလာသည်။

"ဒီလိုလေ ကိုကိုရဲ့၊ Hyunက ၇ရက်ကြီးများတောင်ကျောင်းမတတ်တာမလား၊ အဲ့ဒါလေ Hyunက အဲ့ဒီအတွက်စာပြန်သင်ရမှာလားဟင်"

VIP လေးကျောင်းမတက်တော့ ကျောင်းလည်းပိတ်ထားရတယ်ဆိုတာကို သူလေးကမသိပါ။Chanyeol ပြုံးရင်းခေါင်းခါလိုက်ပြီး

"တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုကိုနေမကောင်းဖြစ်ပြီးနောက်နေ့ Hyunလေးရဲ့ဆရာမကသွားစရာရှိလို့ဆိုပြီး ကျောင်းတစ်ပတ်တောင်ပိတ်လိုက်တယ်ဗျာ"

"ဟင် ဟုတ်လား ကိုကို"

စာပြန်မသင်ရတော့ဘူးဆိုတာကိုသိတော့ ပျော်ရွှင်သွားတဲ့မျက်နှာလေးက သိသိသာသာ။

"ဟုတ်တာပေါ့"

"ဟီး တော်သေးပါရဲ့ Hyunက စာများကြီး ပြန်သင်ရတော့မယ် ထင်နေတာ ဟူးး"

လူကြီးလေးလိုညည်းညူပြီး အသည်းယားဖို့ကောင်းအောင် ရင်ဘက်လေးကိုလည်းဖိထားသေးသည်။ကားမောင်းနေရလို့ပေါ့ ကလေးလေးရယ်။မဟုတ်ရင် ကိုကို့လက်ကနေ မင်းလေးပြေးမလွတ်ဘူး။

:

ကုမ္ပဏီကိုရောက်တော့ Chanyeol ကကိုယ့်ရုံးခန်းထဲကိုယ်ဝင်ပြီး Hyunလေးကတော့ စာသင်ခန်းထဲတန်းသွားလေပြီ။ခဏနေပါဦးဆိုတာတောင်မရပါ။သူလေးရဲ့ဆံပင်ငွေမင်ရောင်ကို အတန်းဖော်တွေအားပြသဖို့ မစောင့်နိုင်တော့ဘူးတဲ့လေ။

Warm Love (Completed)Where stories live. Discover now