Warm Love-13

591 82 4
                                    

(Unicode)

Chanyeol လက်ဆွဲခေါ်ရာအနောက်ကို Hyunလေးကငြိမ်ငြိမ်လေးပါလာသည်။သူလေးပထမဦးဆုံးရောက်ဖူးတဲ့နေရာမဟုတ်ပေမယ့်လည်း ကလေးဆိုတဲ့အတိုင်း လမ်းတစ်လျှောက်ကလူတွေကို မျက်လုံးအဝိုင်းသားလေးဖြင့်စူးစမ်းလိုက်ကြည့်ပါသည်။လက်တစ်ဖက်မှာလည်း Chanyeol ကိုင်ခိုင်းထားတဲ့ နှင်းဆီပန်းစည်းလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားသေးသည်။(AN/ အရင်တုန်းက Hyunလေးကသူ့ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံကိုမကြာခဏပြရတာမို့ ရောက်ဖူးပါတယ်)

"ရောက်ပြီ၊ ဒီအခန်းထဲမှာ Hyunလေး ဖေဖေရှိတယ်"

"ဖေဖေလား"

အခန်းတစ်ခန်းအရှေ့မှာရပ်ရင်းပြောလိုက်တော့ Chanyeol ကိုခေါင်းလေးမော့ကြည့်ပြီးမေးလာသည်။

"ဟုတ်တယ် ကလေးရဲ့၊ အခန်းထဲရောက်တာနဲ့ ဖေဖေ့ကို Hyunလေးလက်ထဲက ပန်းစည်းပေးလိုက်နော်"

"ဟုတ် ကဲ့"

အဆင်သင့်ဖြစ်ပြီဆိုမှ အခန်းတံခါးကိုအသာတွန်းဖွင့်ရင်းဝင်လိုက်တော့ လူနာခုတင်ပေါ်မှာထူထူထောင်ထောင်ဖြင့်ထိုင်နေတဲ့ ဥက္ကဌ Byun ကသူတို့ကိုအပြုံးတွေဖြင့်ဆီးကြိုနေသည်။ငွေ့ရည်ဖွဲ့နေတဲ့မျက်ဝန်းဖျော့ဖျော့တွေကိုတော့ Chanyeol တစ်ယောက်သာသတိထားမိပါသည်။

"ဖေဖေ!"

သူ့ဖေဖေကိုမြင်တာနဲ့ Hyunလေးက ခေါ်သံလေးဖြင့် အနားကိုပြေးသွားပြီး လက်ထဲကပန်းစည်းကိုတန်းပေးလိုက်သည်။

"ဟော ပန်းစည်းလေးပါလား၊ ဖေဖေ့အတွက်လား သားသား"

ဥက္ကဌ Byun မေးလိုက်တော့ Hyunလေးက အပြုံးလေးဖြင့် ခေါင်းတဆတ်ဆတ်ညိမ့်ပြသည်။Chanyeol တစ်ယောက်ခပ်ပါးပါးပြုံးရင်း ခုတင်အနားကိုသွားကာ Hyunလေးကိုခုံမှာထိုင်စေလိုက်ပြီး သူလည်းဘေးနားကခုံမှာ ထိုင်လိုက်ပါသည်။

"ဖေဖေ...ဘာလဲ"

ဥက္ကဌ Byun ရဲ့လက်ဖမိုးပေါ်မှာထိုးသွင်းထားတဲ့ ဆေးပိုက်ကိုလက်ညှိုးလေးထိုးပြရင်း Hyunလေးကမေးလိုက်တာဖြစ်သည်။ထိုအခါ ဥက္ကဌ Byun က Chanyeol ကိုကြည့်လာတာမို့ အလိုက်တသိနဲ့ပဲ

"အာ အဲ့ဒါက Hyunလေးဖေဖေအားရှိအောင်လို့ ဆရာဝန်ကြီးက ဆေးတွေသွင်းပေးထားတာ"

Warm Love (Completed)Where stories live. Discover now