Warm Love-28

757 84 20
                                    

(Unicode)

Baekhyun ကအဖျားတာမရှည်ဘဲ သုံးရက်လောက်နဲ့တင်အရှင်းသက်သာသွားတော့ လေးရက်မြောက်နေ့မှာ Chanyeol ရုံးပြန်တက်ခဲ့သည်။သို့သော် Baekhyun ရဲ့ကျောင်းကိုတော့မဖွင့်သေးဘဲ Chanyeol ကသူ့အလုပ်ခန်းထဲမှာသာ သူ့ကလေးကိုခေါ်ထားပြီးသက်တောင့်သက်သာအနားယူစေပါသည်။အခုမှ နေပြန်ကောင်းခါစကလေးကို စဉ်းစားတွေးတောရမယ့်အလုပ်တွေ Chanyeol မလုပ်ခိုင်းချင်သေးပါ။Baekhyun ကတော့ဘယ်ပြောကောင်းမလဲ၊ ကျောင်းပိတ်ထားတယ်လည်းဆိုရော နှစ်ခါတောင်ထပ်မမေးတော့ဘဲ ပျော်ရွှင်နေလေရဲ့။

"ဒီတစ်ခေါက်ပြီးရင် ဖုန်းပိတ်ရမယ်နော်"

Chanyeol ရဲ့အသံကြောင့် ဆိုဖာခုံပေါ်မှာထိုင်ပြီး အရုပ်ဆက်တဲ့ဂိမ်းကို စိတ်ဝင်တစားဖြင့် ဆော့နေတဲ့ မျက်မှန်လေးကလှမ်းကြည့်လာသည်။မျက်မှန်အဝိုင်းလေးဖြင့် Hyunလေးက အရမ်းအရမ်းကိုချစ်ဖို့ကောင်းနေတယ်ဆိုတာကို အထူးတလည်တော့ထုတ်ပြောစရာလိုမယ်မထင်တော့ပါ။Chanyeol ရဲ့ကလေးလေးကအချိန်တိုင်းကို အသည်းယားဖို့ကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတာပင်။တစ်ခုပဲ ဖုန်းကြည့်တိုင်း တီဗွီကြည့်တိုင်း မျက်မှန်တပ်ဖို့ကိုတော့ Chanyeol အတော်လေးဖျောင်းဖျနေရသည်။

"ယောက်ျားက.."

"မလည်းရဘူး နေကောင်းခါစပဲရှိသေးတာ၊ စကားနားထောင်နော် Hyunလေး"

သူလေးရဲ့ 'ယောက်ျားကလည်း'ဆိုတဲ့စကားမဆုံးခင် Chanyeol ဖြတ်ပြောလိုက်တော့ အသံလေးတိတ်သွားပြီး ဂိမ်းသာဆက်ဆော့နေသည်။ဒီတစ်ပွဲပြီးရင် ဖုန်းပိတ်တော့မယ်ဆိုတာကိုတော့ Chanyeol သေချာသိလိုက်ပါသည်။

Chanyeol ထင်ထားတဲ့အတိုင်း ဆော့လက်စပွဲပြီးတော့ သူ့ကလေးလေးကဖုန်းပိတ်လိုက်ပြီးစားပွဲပေါ်မှာချထားလိုက်သည်။မျက်မှန်လေးကိုပါချွတ်ပြီး ဘူးထဲသေချာပြန်ထည့်သည်။ထို့နောက် လွယ်အိတ်ထဲက Chanyeol ထည့်ပေးထားတဲ့မုန့်ထုပ်တွေကို စားပွဲပေါ်အကုန်သွန်ချလိုက်ပြီး ထိုထဲမှ သူလေးစားချင်လောက်မယ့်မုန့်ကိုရွေးနေပါသည်။Chanyeol ရဲ့စိတ်ကအလုပ်လုပ်နေပေမယ့် မျက်လုံးကတော့ သူ့ကလေးလေးရဲ့လှုပ်ရှားမှုတွေကိုသာ မပြတ်စောင့်ကြည့်နေသည်။ကလေးလေး လန်းလန်းဆန်းဆန်းရှိနေလို့တော်သေးတာပေါ့။

Warm Love (Completed)Where stories live. Discover now