ဖဝါးထက်က ပုလဲသွယ် (၂)(ခ)
အပြင်ဖက်တွင် လှည်းတစ်ခုရှိပြီး လူရှစ်ယောက်လောက်စောင့်နေကြသည်။ အကြောင်းက ယဲ့လီကျူး အဆင်မပြေဖြစ်မှာကို ယဲ့ဖူအန်း စိုးရိမ်လို့ပင်။ တောင်အောက်ကို ဆင်းလျှင် သူတို့က သယ်ပေးကြလိမ့်မည်။
နူးညံ့သည့်လှည်းပေါ်တွင်ထိုင်ရင်း ယဲ့လီကျူးတစ်ယာက် မေးဖို့ကို တုံ့ဆိုင်းနေမိသည်။ "အဖေ... အမေ နေကောင်းရဲ့လား"
ယဲဖူအန်းမျက်နှာပျက်သွားသည်။
သူ အဲဒီအကြောင်းကို ယဲ့လီကျူးအား ဖုံးကွယ်ထားတာ ရှစ်နှစ်ရှိပြီဖြစ်ကာ မဖုံးကွယ်နိုင်တော့ပေ။
ယဲ့ဖူအန်းက ပြောလိုက်သည်။
"လီကျူး သမီးအမေက...ဆုံးသွားတာ ကြာပြီ"
"ရှင်"
ယဲ့လီကျူးသည် သူ့နားသူ မယုံနိုင်တော့ပေ။
_____
ယဲ့လီကျူးဘုရားကျောင်း၌ ရှိနေခဲ့စဉ် လာရောက်ခဲ့သူက ယဲ့ဖူအန်းတစ်ဦးတည်းသာ ရှိသည်။ သူမ အမေက သူမကို မလိုချင်တော့ဘူးလားဟု ယဲ့လီကျူး တိတ်တိတ်လေး တွေးခဲ့ဖူးသော်လည်း ထိုအတွေးတွေက ခဏနှင့် ပျောက်ကွယ်သွားရသည်။ အခုတော့ သူမအဖေက မိခင်ဖြစ်သူ မရှိတော့ဘူးဟု ပြောလာတော့ ခဏတာလောက် သူမ လက်မခံနိုင်ဖြစ်သွားရသည်။
သူမ၏ဖခင်ကို ကြည့်လိုက်မိသည်။
"အဖေ ဘာပြောလိုက်တာလဲဟင်"
ယဲ့လီကျူး၏ အသားအရောင် မကောင်းတော့တာကို ယဲ့ဖူအန်းက သတိထားမိသည်။ သူအစက
ယဲ့လီကျူးကို ပြောဖို့ တွေးမထားသော်လည်း ဒီကိစ္စကို အချိန်အကြာကြီးတော့ သူဖုံးထားနိုင်မှာ မဟုတ်ပေ။
ထို့အပြင် ယဲ့လီကျူး၏အမေ ကျန်းရှီကလည်း တိမ်းပါးသွားတာ ရှစ်နှစ်ကြာခဲ့ပြီ။
ထိုစဉ်က ယဲ့လီကျူးငယ်သေးတာမို့ သူ့သမီး မခံစားနိုင်မှာကို ယဲ့ဖူအန်းစိုးခဲ့သည်။ အခုတော့ ယဲ့ဖူအန်း မပြောတောင် သမီးက အိမ်ကိုပြန်ရောက်ပြီမို့ တစ်ယောက်ယောက်ကတော့ ပြောမှာပင်။ ယဲ့လီကျူးကလည်း သူမ အမေအကြောင်း သိချင်မှာပင်။
YOU ARE READING
ဖဝါးထက်က ပုလဲသွယ် (Complete)
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
