Translation of Pearl In The Palm.
ဖဝါးထက်က ပုလဲသွယ် (၄၃)
Translator - Jinnie Grace
_______
တိရှောင်းလက်တွေက ယဲ့လီကျူး၏ စိုစွတ်နေသော နှုတ်ခမ်းဖူးလေးကို ထိလိုက်သည်မို့ သူမ သက်သောင့်သက်သာ မရှိစွာ ညည်းလိုက်မိသည်။
သူမက တိရှောင်းနှင့် အရမ်းနီးကပ်နေသည်မို့ ပျော်ရွှင်သင့်သော်လည်း တိရှောင်းက သူမကို အားကြီးနှင့် ဖက်ထားတာမို့ အရိုးတွေတောင်နာလာရသလိုပင်။
ယဲ့လီကျူးက ခဏလောက်တွေးပြီး တိရှောင်းအား သူမကို လွှတ်ပေးဖို့ပြောလိုက်သည်။ “အရှင်မင်းသား ကျေးဇူးပြုပြီး ကျွန်မကို ခဏလောက်လွှတ်ပေးပါနော်”
တိရှောင်းမသေဘဲ သူမကို လွှတ်ပေးဖို့မဖြစ်နိုင်ပေ။
သူက ယဲ့လီကျူးမေးစေ့လေးကို မကာ မော့ကြည့်ဖို့ အတင်းစေခိုင်းလေသည်။
အခန်းထဲတွင်မီးမရှိဘဲ အမှောင်ထုသာ ကြီးစိုးနေသည်မို့ သူမနှလုံးခုန်သံကိုပဲ သူ မပြန်ကြားနေရသည်။
သူမအသံလေးက အရမ်းဆွဲဆောင်မှုရှိနေတာမို့ အရည်တွေတောင် ထွက်ကျလာတော့မည့်နှယ်။
တိရှောင်းအသံကတော့ ခပ်တိုးတိုးသြရှရှ။ “ကိုယ့်ကိုပြန်ခေါ်”
ယဲ့လီကျူးက တိုးတိတ်စွာ ခေါ်လိုက်သည်။ “အစ်ကို....အင်းမ်”
သူမပြောလို့တောင် မပြီးသေးခင်သူမစကားလုံးတွေကို ဆွဲယူသုံးဆောင်ခြင်းခံလိုက်ရတော့သည်။
တိရှောင်းက အရင်တစ်ခေါက်ကထက် ပို၍ ကျွမ်းကျင်လာသည်မို့ သူ့ထံမှ ဝိုင်အရသာအနည်းငယ်ကိုတောင် ခံစားနေရသည်။
သူက သာမန်လူတွေလို မဟုတ်ဘဲ ကြေးနည်းနည်းများးသည်။ ယဲ့လီကျူးကိုယ်တိုင်က သူ့အတွက် ဝိုင်တစ်ခွက်ဖြစ်သည်မို့သူမခန္ဓာကိုယ်တွင် သူယစ်မူးနေမိသည်။
သူမအတွက် ဒါမျိုးက ပထမဆုံးမို့ သူမ မတတ်နိုင်စွာ ဝိုင်အရသာကို ခံစားလိုက်ရသည်။
သူက သူမကို မြှူဆွယ်နေသလိုပင်။
ရုတ်တရက် တိရှောင်းနောက်ကျောက မတ်သွားကာ သူမကို ထစေလိုက်သည်။
VOUS LISEZ
ဖဝါးထက်က ပုလဲသွယ် (Complete)
Roman d'amourဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
