အခန်း (၁၀၁) အချပ်ပို ၁၁
တိရှောင်းက ယဲ့လီကျူးကို တစ်ချက်ကြည့်လိုက်သည်။
“မင်းက ကလေးကိုယ်စား ဘယ်လိုလုပ် ဆုံးဖြတ်ချက်ချလို့ ရမှာလဲ။ သူ့ဘာသာသူ ရွေးချယ်မှာပေါ့”
စားပွဲပေါ်ရှိ ဓားသည် ယဲ့လီကျူး တွန်းဖယ်တာကို ခံရပြီး တိရှောင်းကမူ သူ၏ခါးပေါ်တွင် ချိတ်ဆွဲထားသော ချုံယွမ်ရတနာဓားကို စားပွဲပေါ် တင်ပေးလိုက်၏။
စားပွဲပေါ်တွင် ထိုင်နေသော ရှောင်ရှစ်ကျီက လက်ချောင်းကိုက်လျက် တံတွေးများ စီးကျနေသည်။ ယဲ့လီကျူးက စုတ်တံကို ယူပြီး ရှောက်ရှစ်ကျီကို ပြောလိုက်လေ၏။
“ရင်အာ မယ်တော်ဆီလာ”
ရင်အာက ဘယ်ကြည့်ညာကြည့် ကြည့်နေသော်ငြား ယဲ့လီကျူးသည် သူ့ကိုခေါ်သောအခါ သူသည် မယ်တော်ဟု အပြည့်အဝမခေါ်နိုင်သေးပဲ မယ်မယ်ဟုသာ နှစ်ခါခေါ်လျက် ယဲ့လီကျူးဘေးသို့ တွားသွားလာသည်။ တွားသွားနေစဉ် သူသည် သူ့ဘေးတစ်ဖက်တစ်ချက်ရှိ ကစားစရာ အရုပ်များကြောင့် သွေးဆောင်ခံလိုက်ရတော့သည်။
ရင်အာက မှင်တုံးကို ယူလိုက်ချိန် ယဲ့လီကျူးက ပြုံးပြီးပြောလိုက်၏။
“သိပ်ကောင်းတယ် ရင်အာက စာရေးချင်တာကို”
ခွက်ကနဲ အသံဖြင့် ရင်အာသည် စားပွဲပေါ်ရှိ မှင်တုံးကို ခွဲလိုက်၏။
ယဲ့လီကျူး၏ မျက်နှာက တောင့်ခဲသွားသည်။ ပြီးနောက် ရင်အာသည် ရှုမျှော်ခင်းပန်းချီကားကို ဆုပ်ကိုင်လိုက်ရာ ယဲ့လီကျူးက ပြုံးပြီး ပြောလိုက်တော့သည်။
“ရင်အာက ပန်းချီဆွဲရတာ နှစ်သက်တယ်နဲ့တူတယ်။ သူက နောင်ကျ အလွန်ကြော့ရှင်းနေမှာ”
ရင်အာသည် ပန်းချီကားလိပ်ကို ကိုက်ကြည့်ပြီး အရသာမကောင်းဟု ထင်ပုံပေါ်ကာ ထပ်လွှတ်ပစ်လိုက်တော့ပြန်၏။
ကလေးက အချက်ပြတာကို မသိလောက်ပေ။ သူမက ပစ္စည်များထားသည့်အချိန်၌ အမွှေးအိတ်တစ်ခုတောင် ထားခဲ့၏။ ရင်အာသည် အမွှေးနံ့ကို ရသောအခါ အမွှေးအိတ်ကို ဆုံးဖြတ်ချက် ပြတ်သားစွာ ယူလိုက်၏။
YOU ARE READING
ဖဝါးထက်က ပုလဲသွယ် (Complete)
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
