Translation of Pearl In The Palm.
Translator - Jinnie Grace
ဖဝါးထက်က ပုလဲသွယ် (၇၄)
________
တိရှောင်းတစ်ယောက် အတော်လေး စိတ်ထိခိုက်သွားသည်ဟု ခံစားရသဖြင့် သူမလည်း စိတ်မသက်မသာ ဖြစ်သွားရသည်။ ထို့ကြောင့် တစ်ညလောက်သည်းခံလိုက်တာ ဘာမှမဖြစ်ဟု တွေးလိုက်မိသည်။
ခဏလောက် တုံ့ဆိုင်းပြီးမှ ယဲ့လီကျူးက ပြောလိုက်သည်။ “ဟုတ်”
တိရှောင်းက သူမကို ဖက်ကာ ခေါင်းလေးကို ငုံ့နမ်းလိုက်သည်။ “စိတ်မလှုပ်ရှားပါနဲ့။ ကိုယ်မင်းကို အခက်တွေ့အောင် မလုပ်ပါဘူး”
ယဲ့လီကျူးက မယုံသော်လည်း တိရှောင်းကတော့ ခွင့်လွှတ်ပါသည်။ သူက သဘောထားကြီးသည် မဟုတ်ပါလား။
ခဏလောက် ငြိမ်နေပြီးမှ သူမက မေးလာသည်။ “တခြားရော လိုချင်သေးလား”
တိရှောင်းက သူမ ဆံပင်လေးကို သပ်လိုက်သည်။ “ကိုယ်တွေးမိရင် ပြောမယ်”
တိရှောင်းက အမြန်လက်ထပ်ချင်သော်လည်း ယဲ့အမတ်ချုပ်အိမ်တော်က အသင့်မဖြစ်သေးပေ။ ယဲ့ဖူအန်းက တိရှောင်းတို့ကို နောက်နှစ်လောက်မှ လက်ထပ်စေချင်သည်။ ယဲ့ဖူအန်းမျက်လုံးထဲတွင် သူ့သမီးက အတော်လေး ငယ်သေး၏။ သို့သော် မင်းသားချင်အိမ်တော်ကတော့ မင်္ဂလာပွဲအတွက် အတော်များများ လုပ်ဆောင်ပြီးသွားလေပြီ။ ယဲ့ဖူအန်းကတော့ တိရှောင်းတစ်ယောက် ဒီကိစ္စကို အတော်လေး အာရုံစိုက်နေသည်ဟု ထင်မိသည်။ ဘုရင်ကလည်း စိတ်က မမှန်သည်မို့ အစောကြီး ကျင်းပထားတာက ပိုကောင်းပေလိမ့်မည်။
ယဲ့ဖူအန်းက ထိုအကြောင်းကို စကားမစခဲ့ပေ။ ထို့ကြောင့် ဘုရင်ရှေ့တွင် တိရှောင်းက ပြောချလိုက်သောအခါ ဘုရင်က ယဲ့ဖူအန်းကို ကြိတ်တော့ မုန်းမိသွားသည်။ သို့သော် ဘာမှတော့ မပြောလိုက်ပေ။ တကယ်တော့ တိရှောင်း မင်္ဂလာပွဲကို ဘုရင်တားလို့လည်း မရပေ။ တိရှောင်းက အခုထိ လူပျိုမို့ သူလက်ထပ်ချင်သည့်အချိန်တွင် တားလိုက်လျှင် မတရားရာ ကျလိမ့်မည်။
ထို့ကြောင့် လက်ထပ်ပွဲက အတည်ဖြစ်သွားလေသည်။
မင်္ဂလာဝတ်စုံ ပို့လာသည့်အချိန်ထိ ယဲ့လီကျူးတစ်ယောက် မယုံနိုင်သေးပေ။ ယဲ့လီကျူး လက်ထပ်တော့မည်မို့ ကျွင့်သခင်မနှင့် ကျန်းရန်ယိလည်း ယဲ့အိမ်တော်သို့ ရောက်နေကြသည်။
ESTÁS LEYENDO
ဖဝါးထက်က ပုလဲသွယ် (Complete)
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
