Translation of Pearl In The Palm.
ဖဝါးထက်က ပုလဲသွယ် (၅၆)
Translator - Jinnie Grace
___
ယဲ့လီကျူး၏လက်ဖြူဖြူလေးတွေက သူမရင်ဘတ်ကိုထိလိုက်သည်။
နှုတ်ခမ်းနီတွေက တဖြည်းဖြည်းနှင့် အရည်ပျော်ကျစ ပြုလာပြီး နောက်ဆုံးတော့ ပျောက်ကွယ်သွားတော့သည်။
သူမက သူမမျက်နှာက ရေစက်တွေကို သုတ်လိုက်ကာ တစ်ခါတော့ အိမ်တော်ကို သွားလိုက်တာကောင်းမည်ဟုတွေးမိသည်။
သူမ မသွားလျှင် ယဲ့ကျာ့ယိုကလည်း နားပူနေဦးမှာပင်။
သူမနောက်ရက်နိုးလာတော့ ကောင်းကင်ကြီးက တောက်ပလို့နေသည်။
ယဲ့ကျာ့ယိုက ယဲ့လီကျူးထက် စောပြီးထသည်။ သူကျင်းရွှေဟွမ်ကိုရောက်မှ ယဲ့လီကျူးကနိုးသည်။
ယဲ့လီကျူးက မှန်ရှေ့တွင် အဝတ်အစားလဲနေသည်။ ဒီနေ့တော့ သူမက ကြက်သွေးရောင် ရဲတောက်နေသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ အဝတ်က အတော်လေးတောက်ပကာ ဝတ်ရတာလည်း ခက်သည်။ သူမခါးတွင်ကြိုး အများကြီးစည်းရသည်။ သို့မှသာ သူမခါးကျဉ်ကျဉ်လေးက ပေါ်လွင်ပေမည်။
ယုရှားက သူမကို ဆံပင်ပြင်ပေးနေပြီး ရှောင်းဝေက သူမသောက်ဖို့ဆေး ယူလာသည်။
ယဲ့ကျာ့ယိုကပြောလိုက်၏။ “ကျူးကျူး ကျွန်တော်ရောလိုက်ခဲ့မယ်။ ကျွန်တော်က လှည်းပေါ်က စောင့်မယ်လေ။ ကျူးကျူးက အထဲဝင်သွားလိုက်”
ယဲ့လီကျူးက ခေါင်းယမ်းသည်။ “ကျာ့ယို မင်းအဲ့ကို မလိုက်တာကောင်းမယ်။ မင်းသားချင်အိမ်တော်က လူတွေက မင်းရောက်လာတာကိုသိပြီး မင်းက အိမ်ထဲမဝင်ရင် မကောင်းဘူးလေ။ မင်းပါလိုက်လာပြီး မမက မင်းသားချင်ကို ပိုက်ဆံပေးပြန်ရင်လည်း စော်ကားရာကျတယ်။ မလိုက်ခဲ့ပါနဲ့။ မမပဲ သွားလိုက်မယ်”
ယဲ့ကျာ့ယိုက ဆက်ပြော၏။ “ဒါဆို တစ်နာရီလောက်နေရင် ကျွန်တော်လာကြိုမယ်”
သူမက ပြောပြပြန်သည်။ “ပြီးမဲ့အချိန်အတိအကျက ပြောရခက်တယ်လေ။ မင်းသားချင်က မမကို နေ့လယ်စာစားဖို့ ဖိတ်ရင်လည်း လိုက်နေရဦးမှာ”
YOU ARE READING
ဖဝါးထက်က ပုလဲသွယ် (Complete)
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
